၂၉ ဇန်နဝါရီ 

 

ဘရာဇီးနိုင်ငံက ဧရာမသတ္တုတွင်း ဗေးလ်ကုမ္ပဏီဟာ အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံဆုံးရှုံးပြီးနောက် ကုမ္ပဏီရဲ့ ရှယ်ယာဈေးမှာ တရှိန်ထိုး ထိုးကျကြောင်း သိရပါတယ်။ နယူးယောက်စတော့ဈေးကွက်မှာ မနေ့က ၁၇.၅ ရာခိုင်နှုန်းအထိ ဈေးကွက်မပိတ်ခင်မှာ ကျခဲ့ပါတယ်။ 

 

33bd

 

ဗေးလ်ဟာ ကမ္ဘာ့အကြီးဆုံးသံရိုင်းသတ္တုတွင်းကုမ္ပဏီတွေထဲက တစ်ခုဖြစ်ပါတယ်။ ကုမ္ပဏီအုပ်ချုပ်ရေးမှူးတွေ ကို ပေးမယ့် ဆုကြေးငွေ (ဘော့နပ်) နဲ့ ရှယ်ယာပိုင်ရှင်တွေကို ပေးမယ့် ငွေကြေးတွေကို ခေတ္တရပ်ဆိုင်ကြောင်း ကြောငြာခဲ့ပါတယ်။  ဘားမားဒင်ဟို မြို့အနီးရှိ ဗေးလ်ပိုင်တဲ့ဆည် ပြီးခဲ့တဲ့ သောကြာနေ့ (ဇန်နဝါရီ ၂၅) ကျိုးကျတဲ့အတွက် ခဲ့တဲ့အတွက် လူပေါင်း ၆၀ သေဆုံးပြီး ၂၉၂ ပျောက်ဆုံးကြောင်း ၂၉ ရက်နေ့ထုတ် သတင်းများ အရ သိရပါတယ်။ 

 

babbs

 

၂၀၁၅ ခုနှစ်ကလည်း ဘရာဇီးနိုင်ငံမှာ  ဗေးလ် နဲ့ BHP ကုမ္ပဏီပိုင် သတ္တုတွင်းတစ်ခုရဲ့ ဆည်တစ်ခု ကျိုးကျခဲ့တဲ့အတွက် လူ ၁၉ ဦးသေဆုံးခဲ့ပါတယ်။ အဲဒီဆည်ကျိုးကျခဲ့တဲ့အတွက် ဆည်အောက်က မြစ်ထဲသို့  အနယ်နစ်တွေ စီးဆင်းခဲ့တဲ့အတွက် ဘရာဇီးနိုင်ငံရဲ့ သဘာဝဘေးအန္တရာယ်ကို အဆိုးရွားဆုံးဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ အဖြစ်အပျက်ကြောင့် လျှော်ကြေးငွေ အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော် ပေးဆောင်ရပြီး တရားရင်ဆိုင်နေစဲဖြစ်တယ်လို့ သိရပါတယ်။ 

 

888ee

 

ဗေးလ် ကုမ္ပဏီဟာ နိုင်ငံပေါင်း ၃၀ မှာ အလုပ်သမား ၇၆၅၀ဝ လုပ်ကိုင်နေပါတယ်။ အဲဒီကုမ္ပဏီ မှာ ရေအားလျှပ်စစ် ထုတ်လုပ်တဲ့လုပ်ငန်းများ၊ မီးရထားလုပ်ငန်း၊ ဆိပ်ကမ်းလုပ်ငန်း နှင့် သင်္ဘောလုပ်ငန်းတွေ ပါ လုပ်ကိုင်ဆောင်ရွက် နေကြောင်းသိရပါတယ်။ 

 

ရီယိုဂျနဲဒိုး တက္ကသိုလ်က သတ္တုတွင်းပညာရှင် လူးဝစ်ဂျာဒင် က ဘရာဇီးနိုင်ငံ မိုင်းနပ်ဂျရိန်း ပြည်နယ်ထဲရှိ ဆည် ၄၅၀ ထဲက ဆည်တော်တော်များများက သံသယဖြစ်စရာအခြေအနေနဲ့ ဆည်အခြေနေက မသင့်တော်တဲ့ မှာ ရှိနေတယ်လို့ ထောက်ပြထားပါတယ်။ 

 

MDN
ကိုးကား - AFP