နေပြည်တော် စက်တင်ဘာ ၂၉

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ထိန်းသိမ်းထားသော ရေလှောင်တမံနှင့် ရေထိန်းတမံစုစုပေါင်း (၁၂) ခု ရှိရာ စက်တင်ဘာ ၂၉ ရက်တွင် ပေါင်းလောင်းရေလှောင်တမံတွင် (၃ ဒသမ ၉၀) ပေနှင့် ငလိုက်ရေလှောင်တမံတွင် (၀ ဒသမ ၁၀) ပေ ကန်ရေပြည့်အမှတ် အထက်ကျော်လွန်၍ ရေပိုလွှဲမှ ရေကျော်စီးဆင်းနေပြီး ယခင်နေ့နှင့် နှိုင်းယဉ်ပါက ရေကျော်စီးဆင်းမှု အခြေအနေမှာ လျော့ကျလာလျက်ရှိသည်။

 

အလားတူ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနက ထိန်းသိမ်းထားသော ရေလှောင်တမံ (၂၄၆) ခုအနက်မှ စက်တင်ဘာ ၂၉ ရက်တွင် ကန်ရေပြည့် အမှတ်အထက်ကျော် လွန်၍ ရေပိုလွှဲမှရေကျော် စီးဆင်းနေသည့် ရေလှောင်တမံများမှာ ကရင်ပြည်နယ်တွင် (၁) ခု၊ ချင်းပြည်နယ်တွင် (၃) ခု၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၂)ခု၊ ပဲခူးတိုင်းဒေသကြီးတွင် (၁၁) ခု၊ မကွေးတိုင်းဒေသကြီးတွင် (၁၁) ခု၊ မန္တလေးတိုင်းဒေသကြီးတွင် (၄) ခု၊ နေပြည်တော်တွင် (၂) ခု၊ မွန်ပြည်နယ်တွင် (၂) ခု၊ ရခိုင်ပြည်နယ်တွင် (၁) ခု၊ ရန်ကုန်တိုင်းဒေသကြီးတွင် (၃) ခု၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် (၂) ခု၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် (၁) ခုနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် (၄) ခုဖြစ်ပြီး စုစုပေါင်း (၄၇) ခုရှိရာ ယခင်နေ့ရေကျော်ခဲ့သည့် ရေလှောင်တမံ (၅၀) ခုထက် (၃) ခုလျော့နည်းခြင်းဖြစ်သည်။

 

အဆိုပါရေလှောင်တမံများ၏ ကြံ့ခိုင်မှုအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး တာဝန်ကျ ဝန်ထမ်းများအား (၂၄) နာရီ ရေကင်းတာဝန်ချထား၍ အနီးကပ်စောင့်ကြပ် စစ်ဆေးလျက်ရှိပါကြောင်းနှင့် စိုးရိမ်ရန်မရှိပါကြောင်း သိရသည်။

 

သတင်းစဉ်