နေပြည်တော် စက်တင်ဘာ ၃၀

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ထိန်းသိမ်းထားသော ရေလှောင်တမံနှင့် ရေထိန်းတမံ စုစုပေါင်း (၁၂)ခုရှိရာ ယနေ့တွင် ပေါင်းလောင်း ရေလှောင်တမံတွင် (၃ ဒသမ ၄၇)ပေနှင့် ငလိုက်ရေလှောင်တမံတွင် (၀ ဒသမ ၁၀)ပေ ကန်ရေပြည့်အမှတ် အထက်ကျော်လွန်၍ ရေပိုလွှဲမှ ရေကျော်စီးဆင်းနေပြီး ယခင်နေ့နှင့် နှိုင်းယှဉ်ပါက ရေကျော်စီးဆင်းမှု အခြေအနေမှာ လျော့ကျလာလျက်ရှိသည်။

 

အလားတူ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ထိန်းသိမ်းထားသော ရေလှောင်တမံ (၂၄၆)ခုအနက်မှ ယနေ့တွင် ကန်ရေပြည့် အမှတ်အထက်ကျော်လွန်၍ ရေပိုလွှဲမှ ရေကျော်စီးဆင်းနေသည့် ရေလှောင်တမံများမှာ ကရင်ပြည်နယ်တွင် ()ခု၊ ချင်းပြည်နယ်တွင် ()ခု၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ()ခု၊ ပဲခူးတိုင်းဒေသကြီးတွင် ()ခု၊ မကွေးတိုင်းဒေသကြီးတွင် ()ခု၊ မန္တလေးတိုင်းဒေသကြီးတွင် ()ခု၊ နေပြည်တော်တွင် ()ခု၊ မွန်ပြည်နယ်တွင် ()ခု၊ ရခိုင်ပြည်နယ်တွင် ()ခု၊ ရန်ကုန်တိုင်းဒေသကြီးတွင် ()ခု၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ()ခု၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ()ခုနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ()ခုဖြစ်ပြီး စုစုပေါင်း (၄၄)ခုရှိကာ ယခင်နေ့ ရေကျော်ခဲ့သည့် ရေလှောင်တမံ (၄၇)ခုထက် ()ခုလျော့နည်းခြင်းဖြစ်သည်။

 

အဆိုပါရေလှောင်တမံများ၏ ကြံ့ခိုင်မှုအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး တာဝန်ကျဝန်ထမ်းများအား (၂၄)နာရီ ရေကင်းတာဝန်ချထား၍ အနီးကပ် စောင့်ကြပ်စစ်ဆေးလျက်ရှိကြောင်းနှင့် စိုးရိမ်ရန်မရှိကြောင်း သိရသည်။

 

သတင်းစဉ်