ဆည်တော်ကြီးရေလွှဲဆည်သို့ လာရောက်ရေကစားသူများသဖြင့် ဈေးရောင်းချသူများ အဆင်ပြေ

မတ္တရာ ၁၆ ဧပြီ 

 


မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် စလေကျေးရွာအုပ်စု ဆည်တော်ကြီးကျေးရွာအနီးရှိ ဆည်တော်ကြီးရေလှောင်တမံ ရေလွှဲဆည်တွင် မဟာသင်္ကြန်ကာလအတွင်း နေ့စဉ် ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

ိိ


အဆိုပါ ရေလွှဲဆည်ရှိ ရေကျော်ကျနေသည့်နေရာတွင် ရေကစားကြသူများ၊ ရေကူးကြသူများ၊ အပန်းဖြေကြသူများဖြင့် စည်ကားလျက်ရှိပြီး ယင်းနေရာသို့ ဆိုင်ကယ်များ၊ ကားများ၊ ထော်လာဂျီများ၊ သုံးဘီးဆိုင်ကယ်များဖြင့် လာရောက်နိုင်လည်ပတ် ဆော့ကစားကြပြီး လည်ပတ်သူများကို အမှီပြု၍ လာရောက်ဈေးရောင်းချကြသူများမှာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

ိိ


ရေကစားသူများ အေးချမ်းစွာကစားနိုင်ရေးအတွက် ဆည်တော်ကြီးနယ်မြေစခန်းရှိ တာဝန်ရှိသူများမှ ရေလွှဲဆည် သွားရာလမ်းဆုံမှနေ၍ မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များပေါ်တွင် ဒုတ်၊ ဓား လက်နက်များ မပါရှိစေရေးအတွက် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ပြီး လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


စိုးကျော်သူထွေး(မတ္တရာ)