ရန်ကုန် ၁၈ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Women Club တို့ ပူးပေါင်းကျင်းပသော “ဆံပင်အလှဆင် ဖဲပြားကလစ်” ပြုလုပ်နည်းသင်တန်းကို တောင်ဥက္ကလာပမြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် အောက်တိုဘာ ၁၉ ရက်နေ့ နေ့လည် ၁ နာရီ အချိန်၌ ဖွင့်လှစ် သင်ကြားမည် ဖြစ်သည်။
အဆိုပါသင်တန်းအား အခကြေးငွေမယူပဲ ပညာဒါနအဖြစ် သင်ကြားပေးမည်ဖြစ်ပြီး စိတ်ပါဝင်စားသော မည်သူမဆို တက်ရောက်သင်ကြားနိုင်ကြောင်း သတင်းရရှိသည်။
ဝင်းထက်ထက်အောင်(ပြန်/ဆက်)


