ဆံပင်ကျွတ်တာကိုဘယ်လိုလုပ်မလဲ

ရေးသားသူ Dr. Sandar Lin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

 

လူတိုင်းသည်တစ်နေ့ကိုပုံမှန်ဆံပင် ၅၀ မှ ၁၀ဝ ကြား ကျွတ်လေ့ရှိပါတယ်။ သို့သော်လည်း ဆံပင်ကွက်ခြင်း၊ ဆံပင်ပါးခြင်းများဖြစ်ပါက သင့်ကိုစိတ်နှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ထိုပြဿနာများကို အောက်ပါနည်းလမ်းများအတိုင်း ဖြေရှင်းနိုင်ပါတယ်။

 

ဆံပင်ထိန်းသိမ်းမှုအလေ့အထကိုပြုလုပ်ပါ။
ဆံပင်ကို စနစ်တကျထိန်းသိမ်းခြင်းအားဖြင့် ဆံပင်ကျွတ်ခြင်းကို ထိရောက်စွာ လျှော့ချနိုင်ပါ တယ်။ ဆံပင်လျှော်နည်း၊ အခြောက်ခံနည်း ပုံစံကိုပြောင်းလဲခြင်းအားဖြင့် ဆံပင်ကျွတ်တာ နည်းလာနိုင်ပါတယ်။

 

အရေပြားဆိုင်ရာ ပညာရှင်များက ခေါင်းလျှော်သောအခါတွင် ဆံသားကိုပွတ်၍မလျှော်ဘဲ ဦး ရေပြားကိုနှိပ်နှယ်၍လျှော်ပါက ဆံသားပျက်စီးခြင်းကို လျော့ကျစေနိုင်တယ်လို့ ဆိုထား ပါတယ်။ ထို့နောက် ဆံသားကိုမပွတ်ဘဲ ရေဆေးပြီးနောက် ပျော့ဆေးကို အသုံးပြုနိုင်ပါသည်။

 

ဦးရေပြားကိုဆေးလိမ်းပါ။
Minoxidil (Rogaine) ဟုခေါ်သောလိမ်းဆေးသည်အမျိုးသ မီးများတွင် ဆံပင်ကျွတ်ခြင်းကို လျော့နည်းစေပြီး ဆံပင်သန်စေပါတယ်။ ဆေးကိုရေရှည်အသုံးမပြုဘဲ ရပ်လိုက်လျှင်တော့ အာနိသင်ပြမှာ မဟုတ်ပါဘူး။

 

ဆံပင်ကျွတ်ခြင်းဟာခေတ္တခဏဖြစ်သည်ဆိုတာနားလည်ပါ။
ဆံပင်ကျွတ်ရခြင်း အကြောင်းအရင်းများစွာရှိပါတယ်။ နေမကောင်းချိန်၊ မီးဖွားချိန်နှင့် စိတ်ဖိစီး မှုများချိန်များတွင် ဆံပင်အကျွတ်များနိုင်ပါတယ်။ ထိုအခါမျိုးတွင် ဆံပင်အများကြီး ကျွတ် နိုင်ပြီး အလိုအလျောက် ပြန်ပေါက်နိုင်တာကို သိထားသင့်ပါတယ်။ ထိုသို့ နားလည်ထားခြင်း ဖြင့် စိတ်ဖိစီးမှုများကို လျော့ချကာ အခြေအနေပိုမဆိုးလာအောင် ကာကွယ်နိုင်ပါတယ်။

 

အရေပြားဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။
ဆံပင်ကျွတ်ရခြင်းအကြောင်းအရင်းကို ရှာမတွေ့လျှင် သင့်လျော်သော ကုသမှုခံယူနိုင်ရန် အရေပြားဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

 

ကျန်းမာရေးနှင့်သင့်လျော်သောအစားအသောက်ကိုစားသုံးပါ။
ကျန်းမာရေးနှင့်သင့်လျော်သော အစားအစာကိုစားခြင်းဖြင့် ဆံပင်ကျွတ်စေနိုင်သော ဓာတုပစ္စည်းများကို လျော့နည်းစေနိုင်ပါတယ်။ ဆီကြော်မုန့်များ၊ အနီရောင်ရှိသောအသား၊ အာလူး၊ pasta၊ အသင့်စားခေါက်ဆွဲနှင့် အချိုမှုန့်များသည် ဆံပင်ကျွတ်စေနိုင်ပါတယ်။ ထို့ပြင် သကြား၊ ချော့ကလက်၊ ရေခဲမုန့်နှင့် အချိုရည်များသည်လည်း ဆံပင်ကျွတ်စေနိုင်သောကြောင့် လျှော့စားသင့်ပါတယ်။

ဆံပင်ကျွတ်ရခြင်း အကြောင်းအရာများစွာရှိပါတယ်။  ထိုအ ခြေအနေများကို ဖြေရှင်းရန် နည်းလမ်းမတွေ့လျှင်တော့ အရေပြားဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ထိုအခါ သင့် ကို ဘယ်လိုလုပ်သင့်ကြောင်း အကြံဉာဏ်များ ပေးပါလိမ့်မည်။

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်"