ရေးသားသူ Dr. Sandar Lin

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

လူတိုင်းသည် တစ်နေ့ကို ပုံမှန်ဆံပင် ၅၀ မှ ၁၀ဝ ကြားကျွတ် လေ့ရှိပါတယ်။ သို့သော်လည်း ဆံပင်ကွက်ခြင်း၊ ဆံပင်ပါးခြင်း များဖြစ်ပါက သင့်ကိုစိတ်နှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ထိုပြဿနာများကို အောက်ပါနည်းလမ်းများအတိုင်း ဖြေရှင်းနိုင်ပါတယ်။

 

ဆံပင်ထိန်းသိမ်းမှုအလေ့အထကိုပြုလုပ်ပါ

ဆံပင်ကို စနစ်တကျထိန်းသိမ်းခြင်းအား ဖြင့်ဆံပင်ကျွတ်ခြင်းကို ထိရောက်စွာလျှော့ချနိုင်ပါတယ်။ ဆံပင်လျှော်နည်း၊ အခြောက်ခံနည်း ပုံစံကိုပြောင်းလဲခြင်းအားဖြင့် ဆံပင်ကျွတ် တာနည်းလာနိုင်ပါတယ်။ အရေပြားဆိုင်ရာပညာရှင်များက ခေါင်းလျှော်သောအခါတွင် ဆံသားကိုပွတ်၍မလျှော်ဘဲ ဦးရေပြားကို နှိပ်နှယ်၍ လျှော်ပါက ဆံသားပျက်စီးခြင်းကို လျော့ကျစေနိုင်တယ်လို့ ဆိုထားပါတယ်။ ထို့နောက်ဆံသားကိုမ ပွတ်ဘဲ ရေဆေးပြီးနောက် ပျော့ဆေးကိုအသုံးပြုနိုင်ပါသည်။

 

ဦးရေပြားကိုဆေးလိမ်းပါ။

Minoxidil (Rogaine) ဟုခေါ်သောလိမ်းဆေးသည် အမျိုးသမီးများတွင် ဆံပင်ကျွတ်ခြင်းကို လျော့နည်းစေပြီး ဆံပင်သန်စေပါတယ်။ ဆေးကိုရေရှည်အသုံးမပြုဘဲ ရပ်လိုက်လျှင်တော့ အာနိသင်ပြမှာမဟုတ်ပါဘူး။

 

ဆံပင်ကျွတ်ခြင်းဟာ ခေတ္တခဏဖြစ်သည်ဆိုတာ နားလည်ပါ

ဆံပင်ကျွတ်ရခြင်း အကြောင်းအရင်းများစွာရှိပါတယ်။ နေမကောင်းချိန်၊ မီးဖွားချိန် နှင့် စိတ်ဖိစီးမှုများချိန်များတွင် ဆံပင် အကျွတ်များနိုင်ပါတယ်။ ထိုအခါမျိုးတွင် ဆံပင်အများကြီး ကျွတ်နိုင်ပြီး အလိုအလျောက် ပြန်ပေါက်နိုင်တာကိုသိထား သင့်ပါတယ်။ ထိုသို့နားလည်ထားခြင်းဖြင့် စိတ်ဖိစီးမှုများကို လျော့ချကာ အခြေအနေပိုမဆိုးလာအောင် ကာကွယ်နိုင်ပါ တယ်။

 

အရေပြားဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ

ဆံပင်ကျွတ်ရခြင်း အကြောင်းအရင်းကို ရှာမတွေ့လျှင် သင့်လျော်သော ကုသမှုခံယူနိုင်ရန် အရေပြားဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးသင့်ပါတယ်။

 

ကျန်းမာရေးနှင့် သင့်လျော်သော အစားအသောက်ကို စားသုံးပါ

ကျန်းမာရေးနှင့် သင့်လျော်သော အစားအစာကို စားခြင်းဖြင့် ဆံပင်ကျွတ်စေနိုင်သော ဓာတုပစ္စည်းများကို လျော့နည်းစေနိုင်ပါတယ်။ ဆီကြော်မုန့်များ၊ အနီရောင်ရှိသောအသား၊ အာလူး၊ pasta၊ အသင့်စားခေါက်ဆွဲ နှင့် အချိုမှုန့်များသည် ဆံပင်ကျွတ်စေနိုင်ပါတယ်။ ထို့ပြင် သကြား၊ ချော့ကလက်၊ ရေခဲမုန့် နှင့်အချိုရည် များသည်လည်း ဆံပင်ကျွတ်စေနိုင်သောကြောင့် လျှော့စားသင့်ပါတယ်။

 

ဆံပင်ကျွတ်ရခြင်း အကြောင်းအရာများစွာရှိပါတယ်။  ထိုအခြေအနေများကို ဖြေရှင်းရန်နည်းလမ်းမတွေ့လျှင်တော့ အရေ ပြားဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ထိုအခါ သင့်ကို ဘယ်လိုလုပ်သင့်ကြောင်း အကြံဉာဏ်များပေးပါလိမ့်မည်။

Hello ဆရာဝန်