နေပြည်တော် ၈ ဇန်နဝါရီ 

 

ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများ၏ လက်တွေ့ကျွမ်းကျင်မှု စွမ်းရည်ပြိုင်ပွဲ ဆုပေးပွဲကို မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ် ဘယ်လင်းရွာရှိ နည်းပညာမြှင့်တင်ရေး သင်တန်းဌာန(ဘယ်လင်း)၌ ဇန်နဝါရီ ၁၁ ရက် မွန်းလွဲ ၃ နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဆုပေးပွဲအခမ်းအနားတွင် လက်တွေ့ကျွမ်းကျင်မှု စွမ်းရည်ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်ခေါင်းစဉ်များအလိုက် ဆုရရှိကြသည့် ဆရာ ဆရာမများ၏ ဆုရ Project များကိုလည်း ခင်းကျင်းပြသထားမည်ဖြစ်ကြောင်း သိရသည်။ 

 

မောင်မောင်မျိုး