Chrome ပေါ်က ကြော်ငြာတွေကို ပယ်ဖျက်သွားမယ်လို့ Google ကြေညာ

နေပြည်တော်  ၂၀ ဒီဇင်ဘာ


Google ဟာ ကြော်ငြာများမှ အဓိက ဝင်ငွေရရှိနေတဲ့ နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်သော်လည်း လာမယ့်နှစ် ဖေဖော်ဝါရီလကစပြီး Google ရဲ့ internet browser တစ်ခုဖြစ်တဲ့ Chrome ပေါ်က ကြော်ငြာတွေကို ပယ်ဖျက်သွားတော့မယ်လို့ ကြေညာလိုက်ပါတယ်။ Chrome အနေနဲ့ သုံးစွဲသူများကို စိတ်ကျေနပ်မှု ပေးနိုင်ဖို့ ရည်ရွယ်ပြီး Website ပေါ်မှာ ကြော်ငြာတွေ မြင့်တက်လာတာကြောင့် အခုလို ကြေညာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အသံနှင့်သော်လည်းကောင်း၊ အမြင်အာရုံနှင့်သော်လည်းကောင်း သုံးစွဲသူကို တစ်စုံတစ်ရာ စိတ်အနှောင့်အယှက် ဖြစ်စေမယ့် ကြော်ငြာတွေကို ပယ်ဖျက်သွားမှာဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီ ၁၅ ရက်လောက်မှာ စတင် ဆောင်ရွက်သွားဖို့ ရှိတယ်လို့ သိရပါတယ်။


ကြော်ငြာတွေကို ပယ်ဖျက်ရာမှာ Google ကသတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ကြော်ငြာတွေကိုတော့ အခြေအနေတစ်ခုထိ ဖော်ပြပေးသွားမှာဖြစ်ပြီး စီးပွားရေးကြော်ငြာမျိုးအတွက် ကြေညာပြီး ရက် ၃၀ အတွင်း အောင်မြင်မှု မရှိသေးပါက ဖျက်သိမ်းသွားမှာဖြစ်ပါတယ်။Chrome Browser အနေနဲ့ သူ့ရဲ့ ဝန်ဆောင်မှုအပေါ် အသုံးပြုသူတွေ စိတ်ဝင်စားမှုကို ထိန်းသိမ်းသွားရန်နဲ့ အများလက်ခံနိုင်တဲ့ နှစ်သက်စရာ ကြော်ငြာတွေကိုသာ ဝန်ဆောင်မှုအဖြစ် ပေးသွားရန် ဗျူဟာနှစ်ရပ် ချမှတ်ဆောင်ရွက်နေကြောင်း သိရပါတယ်။


MDN