ဆွတ်ဆိုင်ကျေးရွာ၌ လွယ်ယွန်းခမ်း ရှေးဟောင်းစေတီတော် နှီးဘုရားကျောင်းဆောင် မီးလောင်မှုဖြစ်ပွား

ဝမ်ပုံ  ၁၉  မေ 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မိုင်းဖုန်း(ခ) ကျေးရွာအုပ်စု၊ ဆွတ်ဆိုင်ကျေးရွာ တောင်ပေါ် လွယ်ယွန်းခမ်း စေတီတော်အနီး နှီးဘုရားကျောင်းဆောင်ကို မေ ၁၈ ရက်ညပိုင်းက မီးလောင်းကျွမ်းခဲ့ကြောင်း ဝမ်ပုံနယ်မြေရဲစခန်းမှ သိရသည်။

 

မေ ၁၈ ရက်ည ၁၁ နာရီအချိန်ခန့်တွင် တာချီလိတ်မြို့၊ မိုင်းဖုန်း(ခ) ကျေးရွာအုပ်စု၊ ဆွတ်ဆိုင်ကျေးရွာတောင်ပေါ် လွယ်ယွန်းခမ်းစေတီတော်အနီး နှီးဘုရားကျောင်း ဆောင်မှာ လျှပ်စစ်ဝါယာလျှော့မှတစ်ဆင့် မီးလောင်ကျွမ်းခဲ့သဖြင့် တာချီလိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦကျော်ကိုကိုနှင့် မီးသတ်တပ်ဖွဲ့ဝင်များ မီးသတ်ယာဉ် သုံးစီးဖြင့်လည်းကောင်း၊ တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး လှဦးနှင့် ဝမ်ပုံနယ်မြေရဲစခန်းမှ ခေတ္တစခန်းမှူး ရဲအုပ် တင်ဇော်လင်း စီးဦးရဲတပ်ဖွဲ့ဝင်များသည် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ ကျေးရွာသူ ရွာသားများနှင့်အတူ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီ ၄၀ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

 

မီးလောင်ကျွမ်းမှုကြောင့် တိရစ္ဆာန်၊ လူနှင့် ရဟန်းသံဃာများ ထိခိုက်မှုမရှိကြောင်းနှင့်  နှီးဘုရားနှင့် နှီးဘုရားအပေါ်အမိုးတို့ မီးလောင်ကျွမ်းသွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

 

မြင့်မိုရ်(တာချီလိတ်)