နေပြည်တော် နိုဝင်ဘာ၂၄

ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံနှလုံးရောဂါပညာဆိုင်ရာညီလာခံ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရာ ဟောပြောပွဲ (၆) ခုဆောင်ရွက်ကြသည်။  
     
ဟောပြောပွဲတွင် ပြည်တွင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံများမှ နှလုံးရောဂါ ဆေးပညာရှင်များက   နှလုံးသွေးကြောရောဂါ မဖြစ်မီကြိုတင်ကာကွယ်ပုံ၊ နှလုံးသွေးကြောကျဉ်းရောဂါ စမ်းသပ် စစ်ဆေးခြင်း နည်းလမ်းများ၊ နှလုံးသွေးကြောကျဉ်းရောဂါ ကုသနည်းများ၊ သွေးတိုးရောဂါ၏ နောက်ဆုံးပေါ် ခေတ်မီကုသနည်းများ၊ နှလုံးစက်တပ်ကုသခြင်း၏ တိုးတက်လာပုံအဆင့်ဆင့်၊ ဉာဏ်ရည်တု (Artificial Intelligence-AI) နည်းပညာရပ်ကို နှလုံးလျှပ်စီးပတ်လမ်းကြောင်း ဖြတ်တောက်ကုသခြင်းတွင်အသုံးပြုပုံ၊ နှလုံးစည်းချက် မမှန်သောရောဂါကို  လျှပ်စီးပတ်လမ်းကြောင်း ဖြတ်တောက်ကုသခြင်းနှင့် နှလုံးသွေးကြောမကြီး ရောဂါကုသနည်းများကို တင်ပြဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသည့် မြန်မာနိုင်ငံမှ အထွေထွေရောဂါကုဆရာဝန်များ၊ ဆေးပညာရှင်များက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြကာ  မြန်မာနှလုံးရောဂါ ပညာရပ်ဆိုင်ရာ ပညာရှင်များနှင့်အတူ အတွေ့အကြုံဖလှယ်ခြင်း၊ လက်တွေ့ကုသမှု အတွေ့အကြုံများ မျှဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ညနေပိုင်းတွင် ညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်