မအီ စက်တင်ဘာ ၂၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့၊ မအီတောရကျောင်း၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာခွဲ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဝနဝါသီ အရှင်ဝါယာမိန္ဒ (မြောက်ဦးဆရာတော်)၏ သက်တော်(၆၂)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဆုတောင်းပြည့် အဓိဋ္ဌာန်အောင် လျောင်းတော်မူ ဘုရားကြီးအား စက်တင်ဘာ ၂၅ ရက် ညပိုင်းက ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်၊ မီးပုံးပျံ ၁၀၈ လုံးဖြင့် ထွန်းညှိပူဇော်ကာ အနယ်နယ်၊ အရပ်ရပ်မှ ရဟန်းရှင်လူ၊ ပြည်သူများက ကုသိုလ်ဒါနပြု ပါဝင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မအီတောရကျောင်းဝင်းအတွင်း တည်ထားကိုးကွယ်သော ဉာဏ်တော် ပေ ၉၀ ရှိ ဆုတောင်းပြည့် အဓိဋ္ဌာန်အောင် လျောင်းတော်မူဘုရားကြီးအား စက်တင်ဘာ ၂၅ ရက် နံနက် ၇ နာရီမှ စက်တင်ဘာ ၂၆ ရက် နံနက် ၇ နာရီထိ ပင့်သံဃာ အရှင်သူမြတ်တို့က အသံမစဲပဋ္ဌာန်းတရားတော်ကို ရွတ်ဖတ် ပူဇော်ခဲ့ကာ မအီမြို့ရှိ ဌာနဆိုင်ရာများ စုပေါင်းစတုဒိသာမဏ္ဍပ်နှင့် စေတနာရှင်၊ အလှူရှင် အသီးသီးတို့၏ စတုဒိသာ နိဗ္ဗာန်ဈေး အလှူတော်ပွဲကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
မင်းသိန်းထွန်း