မုံရွာ  ၂၉   ဖေဖော်ဝါရီ 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်ရှိ ဆုတောင်းပြည့်ဘုရားဝင်းအတွင်း ဌာန ပေါင်းစုံမှဝန်ထမ်းများနှင့် မုံရွာမြို့ပေါ်ရှိပရဟိတအသင်းမှအသင်းသားများဖြင့် စုပေါင်းသန့်ရှင်းရေး လုပ်အားပေးပွဲကို ဖေဖော်ဝါရီ ၂၉ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ဝန်ထမ်းပေါင်းစုံ စုပေါင်းသန့်ရှင်းရေးလုပ်ဆောင်သည့် လုပ်အားပေးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှဝန်ထမ်းများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး ဝန်ထမ်းများနှင့် မုံရွာမြို့ပေါ်ရှိ ပရဟိတအသင်းများမှ အသင်းသား/အသင်းသူများ စုစုပေါင်းအင်အား (၃၀ဝ)ကျော် ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

“ဌာနပေါင်းစုံမှ ဝန်ထမ်းတွေ၊ ပရဟိတအသင်းတွေက အသင်းသား/အသင်းသူတွေ ချစ်ကြည်ရင်းနှီးမှု ရရှိစေဖို့ စုပေါင်းသန့်ရှင်းရေးလုပ်ဆောင်ခြင်းဖြင့် ဘုရားဖူးလာရောက်ကြတဲ့ ပြည်သူတွေ စိတ်အေး ချမ်းသာစွာနဲ့ လာရောက်အပန်းဖြေ ကုသိုလ်ရယူနိုင်ဖို့အတွက် စုပေါင်းသန့်ရှင်းရေးကို လုပ်ဆောင်ခြင်း ဖြစ်ပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဆွေတင့်က ပြောသည်။

 

‌ေ

 

သန့်ရှင်းရေးလုပ်ဆောင်သည့် အဖွဲ့များသည် ဆုတောင်းပြည့်ဘုရားဝင်းအတွင်း စုပေါင်းတံမြက်စည်း လှဲကျင်းခြင်း၊ အမှိုက်သရိုက်များ သိမ်းဆည်းခြင်းတို့ကို နံနက် ၇ နာရီမှ ၉ နာရီအထိ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)