ခါတွန်၊ မေ ၂

 

ဆူဒန်နိုင်ငံ၌   လက်နက်ကိုင်နှစ်ဖွဲ့ကြား ဧပြီ ၃၀ ရက် ညသန်းခေါင်ယံမှ စတင်သက်ရောက်မှုရှိသော လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အသစ် ၇၂ နာရီ ရပ်စဲကြောင်း သဘောတူညီမှုကို ဧပြီ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

 

ဆော်ဒီ - အမေရိကန် ကြားဝင်ဖျန်ဖြေမှု၏ ကြိုးပမ်းအားထုတ်မှုနှင့် တောင်းဆိုမှုအပေါ် အခြေခံ၍ ဆူဒန်စစ်တပ်အနေဖြင့် နောက်ထပ် ၇၂ နာရီ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သက်တမ်းတိုးမှုကို သဘောတူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် Rapid Support Forces (RSF) ဟု လူသိများသော လက်နက်ကိုင်အဖွဲ့ကလည်း ၎င်းတို့ဘက်အနေဖြင့် နိုင်ငံတကာ၊ ဒေသဆိုင်ရာနှင့် ဒေသခံများ၏ တောင်းဆိုမှုများကို တုံ့ပြန်သောအားဖြင့် ဧပြီ ၃၀ ရက် ညသန်းခေါင်ယံမှစတင်ကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို နောက်ထပ် ၇၂ နာရီ သက်တမ်းတိုး ကြောင်း ကြေညာလိုက်သည်။

 

လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဖြတ်သန်းသွားလာမှုရရှိရန်၊ နိုင်ငံသားများ ရွှေ့ပြောင်း သွားလာရာတွင် လွယ်ကူချောမွေ့စေရန်နှင့် ဘေးလွတ်ရာသို့ရောက်ရှိရန် ပစ်ခတ်တိုက်ခိုက်မ ှုရပ်စဲရေးကို သက်တမ်းတိုးခြင်းဖြစ်ကြောင်း RSF က ပြောသည်။

 

လက်ရှိအချိန်အထိ ဆူဒန်ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု အတွင်း သေဆုံးသူ ၅၀၀ ကျော်နှင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၄၀၀၀ ကျော်ရှိကြောင်း သိရသည်။

 

ဆင်ဟွာ