ဧပြီ ၂၅

 

ဆူဒန်နိုင်ငံတွင် စစ်တပ်နှင့် Rapid Support Forces ( RSF )ဟု လူသိများသော လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့တို့သည် ဧပြီ ၂၅ ရက်မှစတင်ကာ ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့သည်ဟု သိရသည်။

 

အဆိုပါအပစ်အခတ်ရပ်စဲမှုသည် အမေရိကန်နိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့က ကြားဝင်ဖျန်ဖြေပေးခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဆူဒန်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းက ပြောကြားသည်။

 

Rapid Support Forces ( RSF )ဟု လူသိများသော လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်ချက်များ လွယ်ကူချောမောစေရေးအတွက် ထိုအပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

 

၎င်းတို့အဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲနေစဉ်အတွင်း အပြည့်အဝအပစ်အခတ်ရပ်စဲထားမည်ဖြစ်ကြောင်း ကတိစကားဆိုကာ RSF က အခိုင်အမာပြောကြားသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို