၂၆ သြဂုတ်
ဆူဒန်နိုင်ငံတွင် မကြာသေးမီက မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးမှုများအတွင်း သေဆုံးသူ ၆၂ဦးအထိ ရောက်ရှိလာပြီ ဖြစ်ကြောင်း ဆူဒန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ကြေညာခဲ့သည်။
အဆိုပါ ရေကြီးမှု ဖြစ်စဉ်အတွင်း သေဆုံးသူ ၆၂ ဦးအထိရှိပြီး ဒဏ်ရာရရှိသူပေါင်း ၉၈ ဦးခန့်ရှိကြောင်း ကျန်မာရေးဝန်ကြီးဌာန၏ ခေတ္တလက်ထောက်ကျန်းမာရေးဝန်ကြီး Sulaiman Abdul-Jabbar က မြို့တော် ခါတွမ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
သဘာဝဘေးအန္တရာယ်ကြောင့် တစ်နိုင်ငံလုံး မိသားစုပေါင်း ၃၅၈၅၀ သက်ရောက်ခဲ့ပြီး အိမ်ပေါင်း ၂၂၆၇၆ မှာ လုံးဝပြိုကျပျက်စီးခဲ့သည်။ ၁၃၀၇၄မှာ တစ်စိတ်တစ်ပိုင်းပြိုကျခဲ့ပြီး တိရစ္ဆာန် ၃၆၃၆ ကောင် သေဆုံးခဲ့သည်ဟု ၄င်းက ပြောကြားခဲ့သည်။
လက်ရှိ မိုးရာသီဖြစ်သည့်အားလျော်စွာ ဂျာဘာတွင်လည်း ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ရနိုင်ကြောင်း ၄င်းက မှတ်ချက်ပြုထားသည်။
သြဂုတ်လ အစပိုင်းကတည်းက ဆူဒန်နိုင်ငံရှိ ပြည်နယ်အများစုတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် အိမ်များ လမ်းများပြိုကျခြင်းများဖြစ်ပေါ်ခဲ့ပြီး လမ်းများ ပြတ်တောက်ခဲ့ရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်