ဩဂုတ် ၁၇

 

ဆူဒန်နိုင်ငံတွင် မကြာသေးမီက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားသဖြင့် သေဆုံးသူ ၇၅ ဦးအထိရှိလာကြောင်း နိုင်ငံ၏အမျိုးသားအရပ်ဘက်ကာကွယ်ရေးကောင်စီက ယမန်နေ့ကပြောကြားသည်။

 

အဆိုပါမိုးကြောင့် လူ ၃၀ ဒဏ်ရာရရှိပြီး နေအိမ် ၂၀၇၅၁ လုံး ပျက်စီးခဲ့သည်ဟု ထိုကောင်စီက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

မိုးရာသီစတင်ချိန်ကတည်းက မိုးသည်းထန်စွာရွာသွန်းမှုနှင့်ရေကြီးရေလျှံမှုတို့ကြောင့် နိုင်ငံတစ်ဝန်းရှိ လူပေါင်း ၃၈၀၀၀ ခန့်မှာ ရေဘေးသင့်ဒဏ်ခံခဲ့ရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးက ယမန်နေ့ကထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

 

ဆူဒန်နိုင်ငံတွင် ဇွန်လမှ အောက်တိုဘာလအထိ သည်းထန်စွာရွာသွန်းသောမိုးကြောင့် ရေကြီးရေလျှံမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို