ပို့သ်ဆူဒန် နိုဝင်ဘာ ၅
ဆူဒန်နိုင်ငံ၌ နှစ်စဉ်ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားသူအရေ အတွက်မှာ နှစ်သန်းမှ သုံးသန်းကြား ရှိကြောင်း ကျန်းမာရေး ဝန်ကြီး မိုဟာမက် အီဗရာဟင်က နိုဝင်ဘာ ၄ ရက်တွင် ပြောသည်။
ဆူဒန်နိုင်ငံသည် အရှေ့ပိုင်း မြေထဲပင်လယ်ဒေသတွင် ငှက်ဖျားရောဂါကူးစက်ဖြစ်ပွားမှု နှုန်း အမြင့်ဆုံးဖြစ်ကြောင်း၊ ထို့ပြင် ငှက်ဖျားရောဂါကြောင့် သေဆုံးမှုနှုန်းမှာလည်း အမြင့်ဆုံးဖြစ်ကြောင်း နိုင်ငံအရှေ့ပိုင်း ဂေးဒရက်ဖ်ပြည်နယ်၏ မြို့တော် ဂေးဒရက်ဖ်၌ ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲတွင် မိုဟာ မက်အီဗရာဟင်က ပြောသည်။
ဆူဒန်ကျန်းမာရေးဝန်ကြီးဌာနသည် ဂေးဒရက်ဖ်ပြည်နယ်နှင့် ဘလူးနိုင်းလ်ပြည်နယ်တို့၌ ကလေးငယ်များ ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်တွင် ငှက်ဖျားကာကွယ်ဆေး ပေါင်းစပ်ထိုးနှံ မှုကို နိုဝင်ဘာ ၄ ရက်တွင် စတင် လုပ်ဆောင်ခဲ့သည်။
ဆင်ဟွာ