ပေကျင်း၊ ဧပြီ ၂၃
ဆူဒန်နိုင်ငံ၌ ရှိနေသည့် တရုတ်နိုင်ငံသားများနှင့် အဖွဲ့အစည်းများ ဘေးကင်းလုံခြုံမှုရှိရေး အကာအကွယ်ပေးရန် တရုတ်သမ္မတရှီကျင့်ဖျင်က ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း တရုတ်နိုင်ငံပိုင် စီစီတီဗွီသတင်းဌာနက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် ဆူဒန်နိုင်ငံ၌ တရုတ်နိုင်ငံသား ၁၅၀၀ ကျော် ရှိနေကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ကောင်စစ်ဝန် ရေးရာဌာန၏ ပြောကြားချက်ကို ကိုးကား ၍ စီစီတီဗွီသတင်းဌာနက သတင်းဖော်ပြခဲ့သည်။
ယခုလအစောပိုင်းက ဆူဒန်နိုင်ငံ၌ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းလည်း အင်န်အိတ်ချ်ကေသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။
ထို့ကြောင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆူဒန်နိုင်ငံရှိ တရုတ်နိုင်ငံသားများကို တတ်နိုင်သမျှ အကာအကွယ်ပေးနိုင်ရန် ဆူဒန်တာဝန်ရှိသူများနှင့် အနီးကပ်ဆက်သွယ် ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-အလင်းသစ်