ခါတွမ် ၂၉  ဧပြီ   

 


ဆူဒန်နိုင်ငံ၌  အရပ်သားနှင့်    စစ်ဘက်ပူးတွဲကောင်စီတစ်ရပ်ကို ဖွဲ့စည်းထူထောင်ရန်  ဆူဒန်စစ်ကောင်စီနှင့် ဆန္ဒထုတ်ဖော်သူခေါင်းဆောင်များအကြား    ဆွေးနွေးညှိနှိုင်းမှုကို   ဆူဒန်ဆန္ဒထုတ်ဖော်ပြည်သူများက ကြိုဆိုလျက်ရှိကြောင်း        ယမံနေ့အေအက်ဖ်ပီသတင်း တစ်ရပ်အရ သိရသည်။

 

ဆန္ဒထုတ်ဖော်ပြည်သူများ တောင်းဆိုလျက်ရှိသည့် နိုင်ငံတော်၏အခွင့်အာဏာကို အရပ်သားအစိုးရအဖွဲ့ထံ လွှဲပြောင်းပေးအပ်ရန် ကနဦးအဆင့်အဖြစ် အရပ်သားနှင့်စစ်ဘက်ပူးတွဲကောင်စီတစ်ရပ်ကို ဖွဲ့စည်းခြင်း ဖြစ်သည်ဟု နိုင်ငံရေးစောင့်ကြည့်လေ့လာ သူများက ဆိုသည်။

 


လက်ရှိနိုင်ငံတော်၏အခွင့်အာဏာကိုရယူထားသည့် ဆူဒန်စစ်ကောင်စီအဖွဲ့ဝင် ၁၀ ဦး၏နေရာကို အရပ်သားနှင့်ကာကွယ်ရေး တပ်ဖွဲ့ဝင်များအား အစားထိုးသွားမည်ဖြစ်သည်ဟု ဆွေးနွေးပွဲတွင် သဘောတူညီခဲ့ကြသည်။

 


ယခုဆွေးနွေးပွဲသည် အရပ်သား အုပ်ချုပ်ရေးစနစ်ပေါ်ပေါက်လာစေရန် ကနဦး အဆင့်တစ်ခုဖြစ်သည့်အတွက်   ဆွေးနွေးပွဲရလဒ်ထွက်ပေါ်မှုများကို ကျေနပ်မှုရှိပါ ကြောင်းနှင့်  အရပ်သားများပါဝင်သော စစ်ကောင်စီတစ်ရပ်        ဖွဲ့စည်းခြင်းနှင့်အရပ်သားအစိုးရအဖွဲ့ ဖွဲ့စည်းခြင်းများအတွက် ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူတစ်ဦးက ဆိုသည်။

 


ယခုဖွဲ့စည်းရန်  ဆွေးနွေးလျက်ရှိသည့်အရပ်သားများနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးတွဲကောင်စီသည် နိုင်ငံတော်၏အခွင့်အာဏာကို  အပြည့်အဝရရှိပိုင်ဆိုင်မည်ဖြစ်သည်။

 


နိုင်ငံအတွင်း      အရပ်သားအစိုးရအဖွဲ့ပေါ်ပေါက်လာပါက တိုင်းပြည်သည် မှန်ကန်သော  လမ်းကြောင်းပေါ်သို့   ရောက်ရှိပြီဟုယူဆနိုင်ပါကြောင်းနှင့် အရပ်သားအစိုးရအဖွဲ့ဖွဲ့စည်းပြီးမှသာ ဆန္ဒထုတ်ဖော်သူများအနေဖြင့် ၎င်းတို့၏ ဆထုတ်ဖော်မှုများကို ရပ်တန့်မည် ဖြစ်သည်ဟု ဆန္ဒထုတ်ဖော်သူတစ်ဦးက ပြောကြားခဲ့သည်။

 


ဖွဲ့စည်းခြင်းတွင်အရပ်သားနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များရာ ခိုင်နှုန်း      မည်မျှပါဝင်မည်ဆိုသည်နှင့်ပတ်သက်ပြီး ဆွေးနွေးလျက်ရှိကြောင်း ဆွေးနွေးပွဲတွင်ပါဝင်သည့်  ဆန္ဒထုတ်ဖော်ခေါင်းဆောင်  ရာဘီးယားက ဆိုသည်။ 

 


အေအက်ဖ်ပီ