ဘာရိန်း ၂၁ ဩဂုတ် 

ဆူဒန်သမ္မတဟောင်း အိုမာအယ်ဘတ်ရှာ သည် တနင်္လာနေ့က အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များနှင့် အမှုရင်ဆိုင်နေရသည်။ သမ္မတဟောင်း အိုမာအယ်ဘတ်ရှာ၏ ကြားနာစစ်ဆေးမှုကို ဩဂုတ် ၁၉ ရက် က စတင်ခဲ့ခြင်းဖြစ်သည်။

၄င်းကို တရားစွဲဆိုနိုင်ရေး လုပ်ငန်းစဉ်အဆင့်ဆင့် လုပ်ဆောင်မှုများသည် ဆူဒန်နိ်ုင်ငံအတွက် အရေးကြီးသည့်အချိန် ကာလလည်းဖြစ်သည်။ မြို့တော်ခါတွန်ရှိ တရားရုံးသို့ သမ္မတဟောင်းဘတ်ရှာကို ခေါ်ဆောင်လာသည့်အချိန်တွင် လုံခြုံရေးများ တင်းကျပ်စွာ ချထားခဲ့သည်။

တရားရုံးတွင် ဘတ်ရှာက ခုခံချေပ သူထိုင်ရသည့်နေရာတွင် နေရာယူခဲ့သည်။ ဘတ်ရှာသည် ၁၉၈၉ ခုနှစ် ဆူဒန်နိုင်ငံတွင် ၄င်းအာဏာရလာသည့် အချိန်မှစကာ တိုင်းပြည်ကို အုပ်ချုပ်ခဲ့သူလည်း ဖြစ်သည်။ တရားသူကြီးက ၄င်းကို ယခုမည်သည့်နေရာတွင် နေထိုင်သနည်းဟု မေးသည့်အခါ ဘတ်ရှာက အကျဉ်း ထောင်တွင် နေထိုင်နေသည်ဟု ဖြေကြားခဲ့သည်။

ယခင်သမ္မတဟောင်း ဘတ်ရှာသည် ဆော်ဒီအာရေဗျမှ ငွေကြေးဒေါ်လာသန်းနှင့်ချီ၍ လက်ခံခဲ့သည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့က သက်သေအချက်အလက်များ ပြသကြသည်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးကလည်း ဘတ်ရှာကို ၂၀ဝ၃ ခုနှစ်နှင့် ၂၀ဝ၈ ခုနှစ်တို့တွင် ဆူဒန်နိုင်ငံအနောက်ပိုင်းတွင် အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုအတွက် ဖမ်းဝရမ်း ထုတ်ထားသည်။

ဆူဒန်စစ်ကောင်စီသည် ဘတ်ရှာကို အာဏာမှ ဖြုတ်ချခဲ့သော်လည်း အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ပေးပို့ရန် တုံ့ဆိုင်း နေကြသည်။ အရပ်သားခေါင်းဆောင်သည့် အစိုးရတစ်ရပ် ဖြစ်ပေါ်လာရေး အသွင်ကူးပြောင်းရေးအတွက် အရေးပါသည့် အာဏာခွဲဝေမှုစာချုပ်တွင် ဆူဒန်စစ်ကောင်စီနှင့် အတိုက်အခံမဟာမိတ်တို့ကြား လက်မှတ်ရေးထိုးထားကြသည်။ 

အင်န်အိတ်ချ်ကေ