မန္တလေး  ၂၇   အောက်တိုဘာ

 

ထိုင်းနိုင်ငံ၊ ဆူကွန်ဗစ်ဆေးရုံကြီး၏ ကျန်းမာရေးဟောပြောပွဲကို မန္တလေးမြို့ ၂၆ လမ်း၊ ၆၆ လမ်းရှိ Hilton Hotel တွင်ကျင်းပသည်။

 

ရှေးဦးစွာ ဆူကွန်ဗစ်ဆေးရုံကြီးအကြောင်းနှင့် ကုသပေးသော ဆရာဝန်ကြီးများအကြောင်း ကို အခမ်းနားမှူးမှ မိတ်ဆက်တင်ပြရာ ဆူကွန်ဗစ်ဆေးရုံကြီးသည် ထိုင်းနိုင်ငံ ဆူကွန်ဗစ်လမ်းမကြီးပေါ်ရှိ Ekkamai BTS အနီးတွင် တည်ရှိပြီး Joint Commission International  မှ တရားဝင် အသိအမှတ်ပြု JCI Accreditied Hospital တစ်ခုဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။ နှလုံး၊ အစာအိမ်နှင့် အူလမ်းကြောင်း အရိုးအဆစ်၊ မျက်လုံး အာရုံကြော၊ ခန္ဓာကိုယ်ပြန်လည်သန်စွမ်းရေး စသည်တို့ကို နောက်ဆုံးပေါ် အဆင့်မြင့် ကိရိယာများကို အသုံးပြု ပြီး ကျွမ်းကျင်သော သမားတော်ကြီးများက ကုသပေးလျက်ရှိပြီး မန္တလေးရုံးခွဲသည် ၃၅ လမ်း ၇၄x၇၅ လမ်းကြား၊ ချမ်းအေးသာစံမြို့တွင် တည်ရှိကြောင်း ပြောကြားသွားသည်။

 

ဆက်လက်၍ ဆူကွန်ဗစ်ဆေးရုံကြီးမှ CEO Dr. Phomornask မှ အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် အရိုးဌာနမှ အကြီးအကဲ ဆရာဝန်ကြီး ဒေါက်တာ Poonsak မှ နောက်ကြောနာခြင်းအတွက် ခေတ်မှီမှန်ပြောင်း အသုံးပြုကုသနည်းကို ရှင်းလင်းပြောကြားပြီး အသည်းနှင့်ပတ်သက်သော သိကောင်းစရာ ခေါင်းစဉ်ဖြင့် အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဆရာဝန်ကြီး Dr.Korn ကရှင်းလင်းပြောပြသည်။ ထို့နောက် မန္တလေးရုံးခွဲမှ တာဝန်ရှိသူ ဦးမင်းသိုက်ထွန်းမှ အမှာစကားပြောကြားသည်။

 

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်သောဌာနမှ ဌာနမှူး Ms.Choranont ၊ Marketing Manger ဒေါ်ကျော့ကေကေခိုင်(ခ)ဂျူးဂျူး၊ Mandalay Representative Office မှ တာဝန်ရှိသူ ဒေါ်စောပြည့်ဇွန်တို့ကို အခမ်းနားမှူးမှ တက်ရောက်လာသည့် ပရိသတ်နှင့် မိတ်ဆက်ပေးသည်။ ထို့နောက် တက်ရောက်လာသူများအား Lucky Draw ကံစမ်းမဲ အစီအစဉ်များ ဖောက်၍ ဖွင့်လှစ်ပေးသည်ဟု သိရှိရသည်။

 

ခင်ခင်ဝင်း(ပညာရေး)