ဆူနာမီဘေးသင့်ဒေသများသို့ အကူအညီပေးရန် ဂျပန်နိုင်ငံ အဆင်သင့်ရှိ

အင်ဒိုနီးရှားနိုင်ငံတွင် စနေ့နေ့က ဆူနာမီဘေးသင့်ခဲ့ရာဒေသများသို့  ဂျပန်နိုင်ငံက တတ်နိုင်သလောက် ထောက်ပံ့ပေးရန် အဆင်သင့်ရှိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး  တာရော့ခိုနိုက ပြောကြားသည်။

 

 

ဂျာဗားကျွန်းနှင့် ဆူမာတြားကျွန်းတို့တွင် ဆူနာမီဖြစ်ပွားပြီးနောက် နှစ်ရက်အကြာတွင် ကိုနိုက အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီထံ သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့သည်။

 

 

အဆိုပါ ဘေးအန္တရာယ်ကြောင့် လူ ၂၈၀ကျော် သေဆုံးခဲ့ပြီး လူပေါင်း ၁၀ဝ၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

 

 

အင်ဒိုနီးရှားနိုင်ငံအစိုးရနှင့် ပြည်သူများအတွက် စိတ်မကောင်းဖြစ်ရကြောင်း အဆိုပါ သဝဏ်လွှာတွင် ခိုနိုက ပြောကြားခဲ့သည်။

 

 

ဘေးအန္တရာယ်ကြောင့် သေဆုံးသူ အားလုံးကိုလည်း ဝမ်းနည်းမိပါကြောင်း အသက်ရှင်ကျန်ရစ်သူများလည်း အမြန်ဆုံး ပြန်လည်ကောင်းမွန်လာပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကို အမြန်ဆုံး လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်မိကြောင်း ၄င်းက ပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်