၁၁ ဧပြီ

 

ကမ္ဘာတစ်ဝန်းမှာ သေဒဏ်ကွပ်မျက်ခံသူဦးရေသည် လွန်ခဲ့သည့်နှစ်က သုံးပုံ တစ်ပုံ လျော့ကျခဲ့ပြီး ဆယ်စုနှစ်အတွင်း အနည်းဆုံးအဆင့်သို့ လျော့ကျခဲ့တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့ (AI) က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။

 

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် သေဒဏ်ပေးခံနေတဲ့ မူးယစ်ဆေးဝါးအမှုတွေမှာ သေဒဏ် အပြစ်ပေးကွပ်မျက်မှု အီရန်နိုင်ငံ ၅၀ ရာခိုင်နှုန်းအထိလျှော့ကျသွားသလို အီရတ်၊ ပါကစ္စတန်နဲ့ ဆိုမာလီယားနိုင်ငံတွေမှာလည်း သေဒဏ်တွေကို အပြစ်ပေးတာလျှော့ကျသွားကြောင်း (AI) အဖွဲ့က ပြောပါတယ်။

 

ဒါပေမယ့် ဘဲလားရုစ်၊ ဂျပန်၊ စင်ကာပူ၊ တောင်ဆူဒန် နဲ့ အမေရိကန်နိုင်ငံတွေမှာတော့ သေဒဏ်အပြစ်ပေးမှု အရေအတွက် တိုးလာတာကို တွေ့ရပါတယ်။ တစ်ချိန်တည်းမှာပင် ထိုင်းနိုင်ငံမှာ ဆယ်စုနှစ်တစ်ခုအတွင်းမှာ ပထမဆုံး သေဒဏ်အပြစ်ပေးခဲ့သလို သီရိလင်္ကာနိုင်ငံမှာလည်း သေဒဏ်အပြစ်ပေးမယ့်အခြေအနေမှာ ရှိနေတာကို စိုးရိမ်တကြီးတွေ့လိုက်ရကြောင်း (AI) အဖွဲ့က ဆိုပါတယ်။

 

တရုတ်နိုင်ငံကတော့ ကမ္ဘာမှာ သေဒဏ်အပြစ်ပေးဆုံးနိုင်ငံအဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်က သေဒဏ် ၉၉၃ ဦးကို ကွပ်မျက်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ ၆၉၀ ဦးရှိခဲ့ကြောင်း သိရပါတယ်။

 

၂၀၁၈ ခုနှစ်အတွင်းမှာ အီရန်(၂၅၃ဦး) ဆော်ဒီအာရေးဗီးယား (၁၄၉ဦး) ဗီယက်နမ်(အနည်းဆုံး ၈၅ ဦး) အီရတ် (အနည်းဆုံး ၅၂ဦး) ကွပ်မျက်ခဲ့ကြောင်း (AI) အဖွဲ့ကပြောပါတယ်။

 

MDN

ကိုးကား - AFP