ဇူလိုင် ၂၅
လစ်ဗျားအစိုးရက လစ်ဗျားနှင့် အီတလီနိုင်ငံတို့အကြား ဆယ်နှစ်နီးပါးရပ်နားထားခဲ့သော လေကြောင်းခရီးစဉ်များ ပြန်လည်စတင်ပျံသန်းမည်ဖြစ်ကြောင်း ယမန်နေ့ကပြောကြားသည်။
အီတလီလေကြောင်းလိုင်း အိုင်တီအေသည် ဝန်ကြီးချုပ် အဘဒူလ်-အာမက် ဒီဘီဘက်ကိုတင်ဆောင်ပြီး ရောမမှ ထရီပိုလီသို့ ယမန်နေ့က စမ်းသပ်ပျံသန်းခဲ့သည်။
စမ်းသပ်ပျံသန်းမှုသည် ဥရောပလေပိုင်နက်ကို အသုံးပြု၍ လစ်ဗျားပြည်တွင်းလေကြောင်းပျံသန်းမှု တားမြစ်ချက်ကို ရုပ်သိမ်းသည့် ကြေညာချက်ဖြစ်ပြီး လစ်ဗျားနှင့် အီတလီနိုင်ငံတို့အကြား ခရီးစဉ်များကို စက်တင်ဘာလတွင် တရားဝင်ပြန်လည်စတင်မည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။
လစ်ဗျားနိုင်ငံသားများခရီးသွားလာရန် နိုင်ငံတကာလေဆိပ်များတွင် လေကြောင်းခရီးစဉ်များ ပိတ်ပင်ထားခြင်းကို ပယ်ဖျက်ရန် ဝန်ကြီးချုပ်ဖွဲ့စည်းထားသောကော်မတီအဖွဲ့က ဆွေးနွေးပြီးနောက် ထရီပိုလီနှင့် ရောမမြို့တို့အကြား လေကြောင်းခရီးစဉ်များ ပြန်လည်စတင်ရန်ဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာလက ဉရောပကော်မရှင်က လုံခြုံရေးအကြောင်းပြချက်များဖြင့် ဉရောပလေပိုင်နက်အတွင်း လစ်ဗျားလေကြောင်းလိုင်းအားလုံး ပျံသန်းခြင်းမပြုရန် တားမြစ်ခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို