ရန်ကုန် အောက်တိုဘာ ၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေး ကျောင်းတွင် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများဖြစ်သော စီမံခန့်ခွဲ ရေး သင်တန်းအမှတ်စဉ်(၇၃)၊ အဆင့်မြင့်စက်ချုပ်နည်းပြသင်တန်းအမှတ်စဉ်(၃၆)နှင့် စာရေး ဝန်ထမ်းသင်တန်းအမှတ်စဉ် (၁၀၆) သင်တန်းများဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
သင်တန်းများဖွင့်ပွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦး တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားသည်။ သင်တန်းများဖွင့်ပွဲအခမ်းအနားကို ဦးစီးဌာနမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်းအင်အား (၁၈၅)ဦး တက်ရောက်သည်။
အဆိုပါ သင်တန်းများဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဝန်ထမ်းများအား လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားစေရန်ခံယူချက်၊ ယုံကြည်ချက်မှန်ကန်စွာဖြင့် ဝန်ထမ်းကောင်းတစ်ဦး ဖြစ်လာစေရန်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တ(၁၂)ပတ်ကြာဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သိရသည်။
(သတင်းစဉ်)


