စီမံကိန်းနဲ့ပတ်သက်ပြီး လိုအပ်ချက်ဖြစ်တဲ့ ပညာရပ်ပိုင်းဆိုင်ရာနဲ့ စက်ယန္တရားတွေ ပြည့်စုံလုံလောက်မှုရှိတယ်

မောင်တော ၆ ဖေဖော်ဝါရီ

စီမံကိန်းနဲ့ပတ်သက်ပြီး လိုအပ်ချက်ဖြစ်တဲ့ ပညာရပ်ပိုင်းဆိုင်ရာနဲ့ စက်ယန္တရားတွေ ပြည့်စုံလုံလောက်မှုရှိပြီး မိုးမကျမီကာလမှာတော့ စီမံကိန်းရဲ့ အနည်းဆုံး ၅၀ ရာခိုင်နှုန်းလောက်ပြီးအောင် ဆောင်ရွက်ပေးမယ့် ကုမ္ပဏီဖြစ်တဲ့အတွက် ကျွန်တော်တို့ဒေသအတွက် အများကြီးအကျိုးရှိပါတယ်လို့ အငူမော် - မောင်တောလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းနှင့် ပတ်သက်၍ မေးမြန်းရာတွင် မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောသည်။

 

 

“အရင်က အငူမော် - မောင်တောဆိုရင် ငါးနာရီဝန်းကျင်လောက် ကားမောင်းရပါတယ်၊ လမ်းတော်တော်လေးဆိုးပါတယ်၊ အခုအချိန်မှာတော့ အငူမော်ကနေ မောင်တောအထိကို အေးရှားဝေါလ်ကုမ္ပဏီက နိုင်ငံတော်ရဲ့ တိုက်တွန်းအားပေး ကူညီမှုနဲ့အတူ ဒီဒေသ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် အခြေခံအကျဆုံး လမ်းပန်းဆက်သွယ်ရေး ကဏ္ဍကို တစ်တပ်တစ်အား လာရောက်ဆောင်ရွက်ပေးနေပါတယ်၊ စီမံကိန်းနဲ့ပတ်သက်ပြီး လိုအပ်ချက်ဖြစ်တဲ့ ပညာရပ်ပိုင်းဆိုင်ရာအနေနဲ့ ဒီကုမ္ပဏီမှာ ပြည့်စုံမှုရှိတယ်၊ စက်ယန္တရား ပြည့်စုံလုံလောက်မှုရှိတယ်၊ သို့သော် ဒေသရဲ့အားနည်းချက်ကြောင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍမှာ အဓိကအသုံးပြုရတဲ့ ကျောက်နဲ့သဲ လိုအပ်ချက် အများကြီးရှိပါတယ်၊ ဒါပေမယ့် မိုးမကျမီကာလမှာတော့ စီမံကိန်းရဲ့ အနည်းဆုံး ၅၀ ရာခိုင်နှုန်းလောက်ပြီးအောင် ဆောင်ရွက်ပေးမယ့် ကုမ္ပဏီဖြစ်တဲ့အတွက် ကျွန်တော်တို့ဒေသအတွက် အများကြီးအကျိုးရှိပါတယ်”ဟု ဦးရဲထွဋ်က ပြောသည်။

MDN