စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန ရုံးအမှတ်(၁)၊ နေပြည်တော် ဒုတိယဦးစီးမှူး ရာထူးနေရာများအတွက် ကွန်ပျူတာကျွမ်းကျင်မှုနှင့် လူတွေ့စာမေးပွဲအောင်မြင်သူများ စာရင်းထုတ်ပြန်ခြင်း

၁။         စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူး(လစာနှုန်းကျပ် ၂၁၆၀ဝ၀-၂၀ဝ၀-၂၂၆၀ဝ၀) ရာထူး(၂၀)နေရာအတွက် ၁၇-၆-၂၀၁၈ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကွန်ပျူတာကျွမ်းကျင်မှုနှင့် လူတွေ့စာမေးပွဲတွင် အောင်မြင်သူများ၏ခုံနံပါတ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

 

 

၂။         သို့ပါ၍ စာမေးပွဲအောင်မြင်သူများသည် အလုပ်ဝင်ရောက်ရန်အတွက် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ရုံးအမှတ်(၁)၊ နေပြည်တော်သို့ ၂-၇-၂၀၁၈ရက် နံနက်ပိုင်းမှစ၍ လူကိုယ်တိုင် လာရောက်သတင်းပို့ပါရန်နှင့် မိမိနှင့်အတူ ပတ်စ်ပို့ဓာတ်ပုံငါးပုံ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)၊ ဘွဲ့လက်မှတ်(သို့မဟုတ်) အောင်လက်မှတ်(မူရင်း)၊ တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်(သို့မဟုတ်) အခြေခံပညာအထက်တန်းအောင်လက်မှတ်(မူရင်း)နှင့် အလုပ်သမားမှတ်ပုံတင်(မူရင်း)တို့ကို တစ်ပါတည်းယူဆောင်လာခဲ့ရန် ကြေညာအပ်ပါသည်။

 

၃။         ၆-၇-၂၀၁၈ရက်အထိ အလုပ်ဝင်ရောက်ရန် သတင်းပို့ခြင်းမရှိလျှင် အရန်စာရင်းမှ ရွေးချယ်ဖြည့်စွက် ခန့်ထားမည်ဖြစ်ကြောင်းနှင့် အသေးစိတ် အချက်အလက်များကို သိရှိလိုပါက www.mopf.gov.mm/my/ content/ferd-news ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

 

နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန

ရုံးအမှတ်(၁)၊ နေပြည်တော်၊ ဖုန်း-ဝ၆၇-၃၄၀၇၁၅၂၊ ဝ၆၇-၃၄၀၇၁၅၃