ညောင်ရွှေ ဖေဖော်ဝါရီ ၁၁
ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဒေသ သလဲဦးကျေးရွာအုပ်စု သလဲဦးကျေးရွာ ရောင်နီဦး စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းနှင့် လွယ်မောကျေးရွာ ရွှေမင်းသားလယ်ယာနှင့် အထွေထွေသမဝါယမအသင်းတို့မှ အသင်းသားတောင်သူများ၏ အသင်းသားပိုင်လယ်မြေများတွင် စီမံကိန်းသီးနှံ နွေစပါးစိုက်ပျိုးခြင်းနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါသမဝါယမအသင်း ဥက္ကဋ္ဌ များ၏နေအိမ်၌ ပြုလုပ်သည်။
ဦးစွာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမြင့်ထွန်းက သွင်းအားစုများ ပံ့ပိုးပေးမည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး ဆုလာဘ်စိုက်ပျိုးရေး တာဝန်ခံ ဦးကျော်ဇင်အောင်က ဆောင်းနေကြာ၊ နွေစပါး အထွက်တိုး အောင်မြင်စေရေး ဆောင်ရွက်သင့်သည့် နည်းလမ်းများ၊ မြေသြဇာ၊ ရွက်ဖျန်းအားဆေးများ အသုံးပြုခြင်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။
စိုင်းအယ်ဘဲ


