အောင်အောင်(ဝါးခယ်မ)

 

ထူးခြားနုညက်တဲ့ စားသုံးမှုအတွေ့အကြုံကိုရရှိစေပြီး ခပ်ဆိမ့်ဆိမ့်အရသာကြောင့် မက္ကဒေးမီးယား (Macadamia) စေ့ဟာ ကမ္ဘာ့အကောင်းဆုံးအစေ့အဆန် (nut) အဖြစ် ထင်ရှားပါတယ်။ မူရင်းဒေသဟာ ဩစတြေးလျတိုက် ကွင်းစလန်းဒေသနဲ့ New South Wales ကမ်းရိုးတန်းဒေသဖြစ်ပြီး အချို့က Queensland Nut လို့လည်းခေါ်ကြ ပါတယ်။ ၁၉၈၀ ပြည့်နှစ်ဝန်းကျင်လောက်မှာ မြန်မာစိုက်ပျိုးရေးပညာရှင်တွေက ဩစတြေးလျက မက္ကဒေးမီးယားမျိုးတွေ ယူဆောင်လာပြီး ထားဝယ် (ရေဖြူ)၊ ပြည်ခရိုင် (ပန်းတောင်း)၊ မြစ်ကြီးနား (မန်ခိန်) ဒေသတွေမှာ စမ်းသပ်စိုက်ပျိုးခဲ့ရာ ပြည်ခရိုင်နဲ့ မြစ်ကြီးနားတို့မှာသာ သီးပွင့်မှုရှိကြောင်း တွေ့ရှိခဲ့ကြပါတယ်။

 

နှလုံးရောဂါကာကွယ်လိုသူတွေ စားသုံးသင့်

 

မက္ကဒေးမီးယားအဆန် ၁၀၀၀ ဂရမ် မှာ စွမ်းအင် ၇၄၀ ကယ်လိုရီ၊ သိုင်ရာမင် ၁၄၀ ရာခိုင်နှုန်း၊ မက်ဂနိက် ၁၉၅ ရာခိုင် နှုန်း၊ ဗီတာမင်ဘီ ၂၁ ရာခိုင်နှုန်း၊ သံဓာတ် ၂၈ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ် ၃၇ ရာခိုင်နှုန်း၊ ဖော့စဖိတ် ၂၇ ရာခိုင်နှုန်း၊ အဆီဓာတ် ၇၆ ရာခိုင်နှုန်း၊ အမျှင်ဓာတ် ကိုးရာခိုင်နှုန်း၊ ကာဗွန်ဟိုက်ဒရိတ် ၁၄ ရာခိုင်နှုန်း၊ ပရိုတိန်းဓာတ် ရှစ်ရာခိုင်နှုန်း၊ မိုနိုမပြည့်ဝဆီ ၅၉ ရာခိုင်နှုန်း ပါဝင်တာ ကြောင့် နှလုံးရောဂါဖြစ်ပွားမှုလျှော့ချနိုင်ဖို့နဲ့ သွေးကြောဆိုင်ရာရောဂါတွေနဲ့ နှလုံးရောဂါကာကွယ်လိုသူတွေ စားသုံး သင့်ကြောင်းသိရပါတယ်။

 

ဒီလို စားသုံးမှုကောင်းမွန်ပြီး ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အာဟာရဓာတ် ပါဝင်မှုတွေကြောင့်လည်း မက္ကဒေးမီးယားအစေ့အဆန်ဟာ ဝယ်လိုအားကောင်း၊ ဈေးကောင်းရရှိနေ လို့ စိုက်ပျိုးလုပ်ကိုင်လိုသူ တောင်သူတွေ၊ လုပ်ငန်းရှင်တွေ တိုးပွားလာနေကြောင်း တွေ့ရပါတယ်။

 

မက္ကဒေးမီးယားကို သီဟိုဠ်စေ့လှော်လို လေလုံသတ္တုအိတ်တွေ၊ သံဘူးတွေနဲ့ ရောင်းချမှုတွေရှိသလို ကိတ်မုန့်၊ ချောကလက်၊ ရေခဲမုန့်၊ သကြားလုံးစတဲ့ တန်ဖိုးမြင့် စားသောက်ကုန်တွေမှာလည်း ထည့်သွင်းအသုံးပြုကြပါတယ်။ ကြာရှည်အထားခံလို့ ဈေးကွက်အကြိုက်လည်းဖြစ်ပါတယ်။

 

ယခုအခါ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင် ပြည်နယ်တို့မှာ တိုးချဲ့စိုက်ပျိုးလာကြ ရာ ၂၀၂၁ ခုနှစ် စာရင်းဇယားတွေအရ တစ်နိုင်ငံလုံးမှာ စိုက်ဧက ၁၅၀၀၀ ကျော် ရှိပြီး ဧက ၅၀၀၀ ကျော်ရိတ်သိမ်းကာ တန်ချိန် ၁၀၀၀ ကျော်ထွက်ရှိနေပြီဖြစ်ပါတယ်။

 

mdn

 

စီးပွားရေးသက်တမ်း  နှစ် ၆၀ မှ ၁၀၀ အထိလုပ်ကိုင်နိုင်

 

ခွံမာသီးနှံဖြစ်တဲ့ မက္ကဒေးမီးယားပင်ဟာ နှစ်ပေါင်းရာချီသက်တမ်းရှိတဲ့ နှစ်ရှည်သီးနှံ တစ်မျိုးဖြစ်တဲ့အတွက် စီးပွားရေး သက်တမ်း နှစ် ၆၀ မှ ၁၀၀ အထိ လုပ်ကိုင်နိုင်ပါတယ်။ ရှမ်းပြည်နယ်မှာ ၁၀ ဧကအထက် စိုက်ပျိုးသူ ၃၄၁ ဦးရှိပြီး စိုက်ပျိုးရေးနည်းစနစ်ကောင်း ကျင့်သုံးထုတ်လုပ်တဲ့ GAP လက်မှတ် ရရှိပြီးသူ ၆၇ ဦးအထိရှိလာပါပြီ။

 

မက္ကဒေးမီးယားသီးနှံမှာ မျိုးခွဲပေါင်း များစွာရှိပြီး အခွံချော၊ အသီးလုံး၊ အသီး ကြီးမျိုး Macadamia integrifolia နဲ့ အခွံကြမ်း၊ အသီးချွန်း၊ အသီးသေးမျိုး Macadamia tetraphylla တွေကို အဓိကစိုက်ပျိုးကြပါတယ်။ သမနွေးပိုင်း ဒေသတွေမှာ ကောင်းစွာဖြစ်ထွန်းနိုင်ပြီး အရည်အသွေးနဲ့ အထွက်နှုန်းကောင်း တဲ့ Macadamia integrifolia မျိုးစိတ် ကို လူကြိုက်များပါတယ်။

 

ပြည်တွင်းမှာ လက်ရှိစီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်လျက်ရှိတဲ့ မက္ကဒေး မီးယားမျိုးတွေအနေနဲ့ H2၊ 246၊ 344၊ 508၊ 741၊ A-38 ၊ 660 ၊ Own Choice(OC)၊ 800 ဆိုပြီး ကိုးမျိုးတွေ့ရှိရပါတယ်။

 

မက္ကဒေးမီးယားစိုက်ပျိုးရာမှာ ယခင် က အစေ့မှပျိုးပင်များ ပျိုးထောင်စိုက်ပျိုးကြရာမှာ ဗီဇမငြိမ်လို့ သီးပွင့်မှု မသေချာတာ၊ အသီးရင့်မှည့်မှု မညီညာတာ၊ အသီးအနုနဲ့အရင့်ခွဲခြားဖို့ ခက်ခဲတာ၊ အစေ့ဆန်အထူအပါးမညီဘဲ အဆန် မပြည့်ဝတာ၊ အခွံခွာရာမှာ ခက်ခဲတာ၊ အသီးစတင်ခူးဖို့ အပင်သက်တမ်း ခုနစ် နှစ်၊ ရှစ်နှစ်အထိ စောင့်ရလို့ အပင်ပြုစု ထိန်းသိမ်းရတဲ့ကာလ ရှည်တာတွေ ကြုံတွေ့ကြရပေမယ့် နောက်ပိုင်းမှာ တော့ ကိုင်းကူးကိုင်းဆက် နည်းပညာ အသုံးပြု စိုက်ပျိုးလာကြတာကြောင့် ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့သလို သက်တမ်း လေး၊ ငါးနှစ်အတွင်း အသီးဆွတ်ခူးရရှိနိုင်ကြလို့ အရင်းကျေ ကာလတိုတောင်းပြီး စီးပွားရေးတွက်ခြေ ကိုက်ကြောင်း သိရပါတယ်။ မက္ကဒေး မီးယားကို အစေ့က ပျိုးထောင်စိုက်ပျိုးတာဟာ မျိုးဆက်နိမ့်လာပြီး ပိုးမွှား ရောဂါထူပြောလာနိုင်လို့ ကိုင်းဆက် စိုက်ပျိုးခြင်းကိုသာ လုပ်ကိုင်သင့် ကြောင်း ပညာရှင်တွေက အကြံပြုထားပါတယ်။

 

ဩစတြေးလျ မက္ကဒေးမီးယားအစု အဖွဲ့က တွေ့ရှိထားတဲ့ အရည်အသွေးနိမ့် မက္ကဒေးမီးယား မျိုးကွဲတွေကိုတော့ အောက်ပါအတိုင်းတွေ့ရှိရပါတယ်။

 

mdn

 

မက္ကဒေးမီးယား မျိုးကောင်းမျိုးသန့်တွေ ထွက်ပေါ်လာစေဖို့

 

မက္ကဒေးမီးယားအစေ့စိုက်နဲ့ ကိုင်းဆက်ကွာခြားချက်တွေကို တောင်သူတွေ သိရှိနိုင်ဖို့၊ စိုက်ပျိုးထုတ်လုပ်မှု နည်းပညာတွေ ဖြန့်ဝေနိုင်ဖို့ စိုက်ပျိုးရေး ဦးစီးဌာန နှစ်ရှည်သီးနှံဌာနခွဲက ကြိုးပမ်းဆောင်ရွက်ပေးနေသလို မက္က ဒေးမီးယား မျိုးကောင်းမျိုးသန့်တွေ ထွက်ပေါ်လာစေဖို့ နောင်ချိုဒေသနဲ့ နမ့်စန်ဒေသတွေမှာ ပြည်တွင်းအောင်မြင် ပြီးမျိုးတွေနဲ့ ပြည်ပက မျိုးသစ် မျိုးကောင်းမျိုးသန့်တွေ မျိုးယှဉ်ပြိုင် စမ်းသပ်တဲ့လုပ်ငန်းတွေ ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရပါတယ်။

 

ဒါ့အပြင် အိမ်နီးချင်းတရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတွေမှာ အဓိကစိုက်ပျိုးနေကြတဲ့ မက္ကဒေးမီးယားမျိုးတွေကို ဈေး သက်သက်သာသာနဲ့ တောင်သူတွေ အသုံးပြုစိုက်ပျိုးနိုင်ဖို့ မျိုးကိုင်းပွားခင်း တွေ တည်ထောင်ပြီး ကိုင်းဆက်ပျိုးပင် တွေ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်လည်း ရှိနေပါတယ်။3

 

mdn

 

မက္ကဒေးမီးယား အစေ့အဆန်ကို အဓိကထုတ်ကုန်အဖြစ် ထုတ်လုပ်နေကြပေမယ့်လည်း မက္ကဒေးမီးယားဆီ၊ မက္ကဒေးမီးယား ပျားရည်တွေလည်း ထုတ်လုပ်နိုင်လို့ သီးနှံတစ်မျိုးတည်းက ဝင်ငွေအမျိုးမျိုးရရှိနိုင်မှာလည်း ဖြစ်ပါတယ်။ မက္ကဒေးမီးယားစေ့ရဲ့ အဓိက ဝယ်လက်က တရုတ်နိုင်ငံဖြစ်ပြီး တစ်တန် ကိုအမြတ် ကျပ်သိန်း ၅၀ ခန့် ရရှိနေ ကြောင်းနဲ့ ကုန်ချောအဆင့် တင်ပို့နိုင်မယ် ဆိုရင် (၃ဆမှ ၅ဆ) အထိ ပိုမိုရရှိနိုင်မှာဖြစ်လို့ ရေရှည်မှာ တန်ဖိုးမြင့်ကုန်ချော ထုတ်လုပ်နိုင်ဖို့ လုပ်ဆောင်ကြရဦးမှာပါ။

 

အကျိုးအမြတ်များစေမယ့် မက္ကဒေးမီးယား

 

နည်းပညာမြင့်တဲ့ အလှကုန်သုံး ပစ္စည်းတွေအထိပါ တိုးတက်ထုတ်လုပ်နိုင်မယ်ဆိုရင် ကုန်ကြမ်းကရရှိတဲ့ ဝင်ငွေထက် (၅ဆ မှ ၇ဆအထိ) ပိုပြီးရရှိခံစား နိုင်မှာဖြစ်လို့ စိုက်ပျိုးထုတ်လုပ်သူတွေ၊ တင်ပို့ရောင်းချသူတွေနဲ့ လုပ်ငန်းစဉ် ကွင်းဆက်တစ်လျှောက်မှာ ပါဝင်သူ အားလုံး အကျိုးအမြတ်များစေမယ့် မက္ကဒေးမီးယား(Macadamia)တိုးချဲ့ စိုက်ပျိုးနိုင်ရေးနဲ့ တန်ဖိုးမြင့်ထုတ်ကုန်တွေ ထုတ်လုပ်တဲ့လုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုး လာစေဖို့ သက်ဆိုင်သူအားလုံးတို့က ဝိုင်းဝန်းဆောင်ရွက်ကြဖို့ တိုက်တွန်း တင်ပြလိုက်ရပါတယ်။