၂၃ နိုဝင်ဘာ

 

 

ကမ္ဘာ့စီးပွားရေးသည် ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါ၏ အကျိုးသက်ရောက်မှုကို ရင်ဆိုင်နေရလျက်ရှိပြီး  ဖွံ့ဖြိုးဆဲ နိုင်ငံများကို ကူညီရန်အတွက် ကတိကဝတ်များ ထားရှိခဲ့ကြောင်း G20 ထိပ်သီးခေါင်းဆောင်များက ပြောကြားခဲ့သည်။

 

 

အဆိုပါ အစည်းအဝေးပွဲကို နှစ်ရက်ကြာ ကျင်းပခဲ့ပြီး အစည်းအဝေးပွဲကို တနင်္ဂနွေနေ့က အဆုံးသတ်ခဲ့သည်။ G20 ထိပ်သီး အစည်းအဝေးပွဲကို ဆော်ဒီအာရေဗျနိုင်ငံက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

 

 

ကမ္ဘာ့စီးပွားရေး ပြန်လည်ပတ်ရန်အတွက် စီးပွားရေး လုပ်ငန်းများ၏ တစ်စိတ်တစ်ပိုင်းကို စစ်တမ်းကောက်ယူခဲ့သော်လည်း ပြန်လည်နာလန်ထူရန်အတွက် မသေချာ မရေရာမှုများ၊ အန္တရာယ်များ  နှင့် ရင်ဆိုင်နေရလျက်ရှိကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

 

 

ကမ္ဘာ့စီးပွားရေး ပြန်လည် နာလန်ထူစေရန်အတွက် အထောက်အကူ ရရှိနိုင်သည့် မူဝါဒများ အားလုံးကို ဆက်လက်လုပ်ဆောင်ကြရန် G20 ခေါင်းဆောင်များက ဆုံးဖြတ်ထားသည်ဟု ဆိုသည်။

 

 

၀င်ငွေနည်းပါးသော နိုင်ငံများ၏ ကြွေးမြီပေးဆပ်မှုကို ခြောက်လ ဆိုင်းငံ့ရန် ခေါင်းဆောင်များက သဘောတူညီခဲ့ကြပြီး ဝင်ငွေနည်းပါးသည့်  တိုင်းပြည်များ၏ ကြွေးမြီ ခေတ္တဆိုင်းငံ့မှုကို ၂၀၂၁ခုနှစ် ဇွန်လအထိ သက်တမ်းတိုးမြှင့်မည်ဖြစ်သည်။

 

 

ကြွေးမြီများ ထပ်မံသက်သာစေရန် မူဘောင်တစ်ရပ်ကို ခေါင်းဆောင်များက အတည်ပြုခဲ့ကြသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

mdn