မန္တလေး ၂ စက်တင်ဘာ
မြန်မာ - ဂျပန် မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်အသင်း (MABA) နှင့် ဗြိတိသျှကုန်သည်ကြီးများအသင်း (BCCM) တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို MABA အသင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများကို အင်္ဂလန်နိုင်ငံအပါအဝင် နိုင်ငံတကာနှင့်ပိုမိုချိတ်ဆက်နိုင်စေရန် ၊ စီးပွားရေးအခွင့်လန်းများ ပိုမိုရရှိစေရန်အတွက် ယခုလို နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း သိရသည်။
"မြန်မာနိုင်ငံမှာ ရှိတဲ့ Association တွေနဲ့ပူးပေါင်းပြီး event တွေလုပ်မယ်။ စီးပွားရေးအခွင့်လမ်းတွေ ဖော်ထုတ်မယ်။ Business Training တွေ အတူလုပ်ဖို့ရှိတယ်''ဟု ဗြိတိသျှကုန်သည်ကြီးများအသင်း (BCCM)အသင်း Chief Executive Officer Mr. Peter Crowhurst ကပြောသည်။
ဗြိတိသျှကုန်သည်ကြီးများအသင်း (BCCM) တွင် နိုင်ငံတကာမှ လုပ်ငန်းရှင်ပေါင်း ၂၈၀ ရှိပြီး မြန်မာ - ဂျပန် မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်အသင်း (MABA) တွင် အသင်းဝင်ပေါင်း ၂၉၆ ဦးရှိကြောင်း သိရသည်။
ဗြိတိသျှကုန်သည်ကြီးများအသင်း (BCCM) သည် အခုလ ၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (MRCCI) နှင့် နားလည်မှု စာချွန်လွှာရေးထိုးသွားမည် ဖြစ်ကြောင်း သိရသည်။
အိမို့မို့ခိုင်


