၁၈ ဒီဇင်ဘာ

နိုင်ငံ၏စီးပွားရေးနယ်ပယ်တွင် အကြီးစားစီးပွားရေးလုပ်ငန်းများမှာ တစ်ရာခိုင်နှုန်း သာရှိပြီး အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများမှာ ၉၉ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။ ထို့ကြောင့် နိုင်ငံ၏စီးပွားရေးကို စွမ်းရည်မြှင့်တင်ပေးမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက ကျသော မောင်းနှင်အားမှာ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖြစ်ပါသည်။

 

နိုင်ငံတော်စီးပွားရေးမူဝါဒ (၁၂)ရပ်၏ အဓိကအချက်တွင် အလုပ် အကိုင်ရရှိရေးနှင့် စီးပွားရေးတိုးတက်မှုတို့ကို အထောက်အကူပြုသည့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီပေးရန်ဟု ဖော်ပြထားသည်။ ှနြ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ ဖွင့်ဆိုချက် နှင့်အညီ အသေးစားနှင့် အလတ်စားထုတ်လုပ်မှုလုပ်ငန်း၊ ဝန်ဆောင်မှု လုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်းများကို ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ရန် နိုင်ငံတော်အဆင့် ဗဟိုကော်မတီဖွဲ့စည်းပြီး ကူညီဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။ှနြ လုပ်ငန်းသည် နိုင်ငံတော်၏စီးပွားရေးကို လွှမ်းခြုံထားသောကြောင့် ထိုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ခြင်း ရှိ၊ မရှိကို စောင့်ကြည့်လေ့လာပြီးလိုအပ်သည်များကို ကူညီဖြည့်ဆည်းပေး၍ အကြီးစားလုပ်ငန်းများအထိတိုးတက်အောင် အားထုတ်ကြရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံ၏ စီးပွားရေးနယ်ပယ်တွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများမှာ ယခင်ကသူ့နည်းသူ့ဟန်ဖြင့် ရှင်သန်ရပ်တည်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် အသေးစား၊အလတ်စား ဥပဒေပြဋ္ဌာန်းပြီးနောက် ှနြ လုပ်ငန်းကို နိုင်ငံတော်ကပါဝင်ပံ့ပိုးကူညီပေးနေခြင်း ဖြစ်သည်။ှနြ လုပ်ငန်းများမှာ နိုင်ငံတစ်ဝန်း ကျယ်ပြန့်လှသဖြင့် အချိန်ကာလ နှစ်နှစ်ကျော်အတွင်း ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် နှေးကွေးနေသေးသည်ဟု ဆိုရမည်ဖြစ်သည်။

 

နိုင်ငံတော်အနေဖြင့် ှနြ လုပ်ငန်းများ၏ ပကတိအခြေအနေကို လေ့လာသုံးသပ်ကာ လက်တွေ့ကျသည့်ပံ့ပိုးကူညီဆောင်ရွက်ပေးမှုများနှင့် မြှင့်တင်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ညွှန်ပြဖြည့်ဆည်းပေးလျက်ရှိသည်။  လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင်လက်တွေ့ကျသော ချဉ်းကပ်မှုမျိုးနှင့် ဆောင်ရွက်မှသာ ရေရှည်တည်တံ့ခိုင်မြဲသော စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မည်ဟု ယုံကြည်ထားသည်။ နိုင်ငံအတွင်း ငွေကြေးအရင်းအမြစ်၊ လူသားအရင်းအမြစ်၊ အတတ်ပညာအရင်းအမြစ်နှင့် ဒေသတွင်းရရှိနိုင်သော အရင်းအမြစ်များကိုဖော်ထုတ်အသုံးချနိုင်ခြင်းသည် အရေးကြီးသော အချက်ဖြစ်သည်။ဈေးကွက်အခြေခံစီးပွားရေးစနစ်တွင် စီးပွားရေးတိုးတက်သည်ဆိုရာ၌ အမြတ်နှုန်း အမြင့်ဆုံးဆောင်ရွက်နိုင်ခြင်းထက် သင့်တင့်လျောက်ပတ်သည့် အမြတ်နှုန်းတစ်ခုကို အချိန်ကာလ အတိုင်းအတာတစ်ခုအထိ တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ခြင်းဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်သည်။

 

စီးပွားရေးစနစ် အားကောင်းလာစေရန်ဆောင်ရွက်ရာတွင် အမြတ်များများ ရရှိရေးထက် ဈေးကွက်တွင် သင့်တင့်လျောက်ပတ်သော အမြတ်အစွန်းဖြင့် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ထွန်းရေးသည် အရေးကြီးသည်။ှနြ လုပ်ငန်းဖွံ့ဖြိုးရေးအတွက် လက်တွေ့ကျသောချဉ်းကပ်မှုတွင်ငွေကြေးအရင်းအမြစ်သည် ပထမ အရေးကြီးပြီး လုပ်ငန်းရှင်များလိုအပ်သောအရင်းအနှီးကို စနစ်တကျထုတ်ပေးနိုင်ရန် လိုအပ်သည်။လေ့လာတွေ့ရှိသည့်စာရင်းများအရ အရင်းအနှီးအတွက် ချေးငွေများထုတ်ပေးရာ၌ နိုင်ငံတစ်ဝန်းတွင် အသေးစား၊ အလတ်စား စက်မှုလက်မှုနှင့်အိမ်တွင်းမှုလုပ်ငန်းရှင် နှစ်သိန်းကျော်ရှိရာ ယင်းတို့အနက် လုပ်ငန်းရှင်ရာဂဏန်းသာ ထုတ်ချေးနိုင်ပြီး အတိုးနှုန်းလည်း များနေသည်ဟု သိရသည်။

 

ကနဦးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပငွေကြေးအရင်းအမြစ် တိုးပွားအောင် အားထုတ်ကြရမည်ဖြစ်သည်။လုပ်ငန်းရှင် နှစ်သိန်းကျော်အား သက်သာသောအတိုးနှုန်းဖြင့် လိုအပ်သည့်ငွေကြေးကို ထုတ်ချေးပေးခြင်း၊ နည်းပညာနှင့်ဈေးကွက်ကို အခြားနိုင်ငံများနှင့်ပူးပေါင်းကာ ကူညီဆောင်ရွက်ပေးခြင်းဖြင့်ပြည်တွင်းထုတ်ကုန်များတိုးတက်လာမည်ဖြစ်သည်။သို့ဖြစ်ရာ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသောအသေးစား၊ အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရန်ငွေကြေး၊ နည်းပညာ၊ ဈေးကွက် ဤသုံးချက် တိုးတက်ဖြစ်ထွန်းလာအောင်ဝိုင်းဝန်းဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု အလေးအနက် ယုံကြည်ပါသည်။