တွေ့ဆုံမေးမြန်း - မင်းသစ် (MNA)/ဓာတ်ပုံ - နေလင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ
ကုန်သည်များနှင့် စက်မှုလက်မှု
လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) နာယက ဝဏ္ဏကျော်ထင်၊ စည်သူ၊ သရေစည်သူ ဦးအောင်ကိုဝင်း
မြန်မာနှစ်သစ်ကူးအခါသမယမှာ တိုင်းရင်းသား ပြည်သူအားလုံး ရောဂါဘယများ ကင်းဝေးပြီး ကိုယ်ရောစိတ်ပါ ကျန်းမာလန်းဖြာ ကြပါစေကြောင်း ဦးစွာမေတ္တာပို့သ နှုတ်ခွန်းဆက်အပ်ပါတယ်။
ကမ္ဘာတစ်ဝန်း ကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါအန္တရာယ် ကို ဘုံရန်သူအဖြစ် သတ်မှတ်ပြီး အမြန်ဆုံး ကျော်လွှားသွားနိုင်ရန် အတွက် နိုင်ငံတော်အစိုးရရဲ့ ညွှန်ကြား ချက်တွေအတိုင်း တိုင်းရင်းသား ပြည်သူတစ်ဦးချင်းက ပင်ကိုအသိ စိတ်နဲ့ စည်းကမ်းလိုက်နာပြီး ကျန်းမာ ရေးအသိ၊ သတိနှင့်အတူ တွန်းလှန် ကျော်လွှားရမှာ ဖြစ်ပါတယ်။
အခုလို ကိုဗစ်-၁၉ ရောဂါဖြစ်ပွား နေတဲ့ ကာလမှာ အခြေခံပြည်သူတွေ အတွက် ယာယီအားဖြင့် အခက်အခဲ ရှိနိုင်ပါတယ်။ ဒီအခက်အခဲကို နိုင်ငံတော်အစိုးရနဲ့အတူ တတ်နိုင်တဲ့ ပြည်သူတွေကလည်း တတ်အား သရွေ့ ပူးပေါင်းပါဝင်လှူဒါန်းပေးရမှာ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေး မယိုင်လဲအောင်၊ မပြိုလဲအောင် ကမ္ဘာ့နိုင်ငံအသီးသီးက ကြိုးစား နေကြပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီကပ်ဆိုးရဲ့ နောက်ဆက်တွဲဖြစ်တဲ့ စီးပွားရေးတွေ မယိုင်လဲအောင်၊ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် လိုအပ်တဲ့ အစီအစဉ်တွေချမှတ်ပြီး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
ဒီကပ်ရောဂါကို အတူတကွ တွန်းလှန်ကျော်လွှားရင်း ကျန်းမာ ရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး၊ ပညာ ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံ ရေး ဘက်စုံကဏ္ဍစုံ တိုးတက်ရေး အတွက် နိုင်ငံတော်အစိုးရနဲ့အတူ ပြည်သူအားလုံးက ပူးပေါင်းပါဝင်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော် သစ်ကြီး အမြန်ဆုံးပေါ်ထွန်းလာ ပါစေကြောင်း ဆုမွန်ကောင်းတောင်း အပ်ပါတယ်။
မြန်မာနိုင်ငံ ကုန်သည်များနှင့်
စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း
ချုပ်(UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း
မြန်မာရိုးရာ နှစ်သစ်ကူးအခါ သမယမှာ မြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝမြင့်မား ရေးအတွက် ကုန်သည်စက်မှုအသင်း ချုပ်နဲ့အတူ ပူးပေါင်းဆောင်ရွက် လျက်ရှိတဲ့ ပြည်တွင်းပြည်ပ အဖွဲ့ အစည်းတွေ၊ အသင်းချုပ်ရဲ့ ညီနောင် အသင်းတွေ၊ အသင်းသူအသင်းသား တွေ၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေအားလုံး နှစ်သစ်နဲ့ အတူ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာ စွာရှိကြပြီး ပျော်ရွှင်ခြင်းများနဲ့ ပြည့်စုံကြပါစေကြောင်း မေတ္တာပို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
ကုန်သည်စက်မှုအသင်းချုပ်အနေ နဲ့ နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းပြီး ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေ အတွက် ညီနောင်အသင်းတွေ၊ စီးပွား ရေးလုပ်ငန်းရှင်တွေ၊ အသင်းဝင်တွေနဲ့ အတူ အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ နှစ်သစ်တွင် ပြည်သူပြည်သားများအားလုံး ကိုဗစ်-၁၉ နဲ့တကွ ကမ္ဘာ့ကပ်ရောဂါအမျိုးမျိုး ဘေးမှ ကင်းဝေးပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ ပျော်ရွှင်ချမ်းမြေ့မှု အပေါင်း ရရှိနိုင်ပါစေကြောင်း ထပ်ဆင့် ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
မြန်မာ့ရှေ့ဆောင်ဘဏ် ဥက္ကဋ္ဌ
ဦးချစ်ခိုင်
ဒီနေ့အချိန်မှာ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ကပ်ဘေးရောဂါကို မြန်မာပြည်သူ ပြည်သားတွေအားလုံး အမြန်ဆုံး ကျော်လွှားနိုင်ပါစေလို့ အရင်ဆုံးပဏာမ ဆုတောင်းလိုက်ပါ တယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ကပ်ဘေးရောဂါအလွန်ကို စီးပွားရေး ပြန်လည်ဖွံ့ဖြိုး တိုးတက်လာအောင် အားလုံးဝိုင်းပြီး တစ်ပြိုင်တည်း ကြိုတင် ဆောင်ရွက်ဖို့ လိုအပ်တဲ့အတွက် ကျွန်တော်တို့အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်၍ အောင်မြင်ခြင်း ရရှိပါစေရန် ဆုမွန်ကောင်းတောင်းအပ် ပါတယ်။
ဦးစားပေးအနေနဲ့ ဟိုတယ်နဲ့ ခရီး သွားကဏ္ဍ၊ အထည်ချုပ်ကဏ္ဍ၊ အသေး စား အလတ်စားလုပ်ငန်းကဏ္ဍတွေကို နိုင်ငံတော်ကလည်း ငွေကြေးပံ့ပိုးမှု တွေ လုပ်ပေးနေပါတယ်။ ဟိုတယ်နဲ့ ခရီးသွားကဏ္ဍက ပြန်လည်ထူထောင် လာဖို့ဆိုတာ နှစ်နဲ့ချီလုပ်ရမယ့်အနေ အထားလို့ မြင်ပါတယ်။ အထည်ချုပ် ကဏ္ဍက ဥရောပဝယ်လိုအားတွေက ပြန်လည်မြင့်တက်လာဖို့ဆိုတာ အချိန် ကာလ အတော်စောင့်ယူရဦးမှာ ဖြစ်ပါ တယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ကိုဗစ်-၁၉ ရောဂါအလွန်မှာ နိုင်ငံတကာ အနေနဲ့ လိုအပ်လာမှာက စားနပ်ရိက္ခာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံရဲ့ လူဦးရေအများဆုံးဖြစ်တဲ့ တောင်သူလယ်သမားတွေ၊ စိုက်ပျိုး ရေးနဲ့ မွေးမြူရေးနဲ့ SME လုပ်ငန်းတွေ ကို အမြန်ဖွံ့ဖြိုးတိုးတက်လာအောင် ကိုဗစ်-၁၉ ရောဂါကို တွန်းလှန်တိုက် ခိုက်နေစဉ်မှာပဲ အတူတကွကြိုးစားပြီး တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ပါစေလို့ ဒီနှစ်သစ်မှာ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင်
ဒေါက်တာခင်ရွှေ
ဒီနှစ်သင်္ကြန်ကာလက အားလုံးသိ တဲ့အတိုင်း ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့် ကာလနဲ့ ထူးထူးခြားခြား တိုက်ဆိုင်နေ ပါတယ်။ လူတွေလည်း ရောဂါပိုးမကူး အောင် အိမ်ထဲမှာ နေဖို့ နိုင်ငံတော်က တိုက်တွန်းနေတာ အားလုံးအသိဖြစ် ပါတယ်။ ရှောင်လွှဲမရတဲ့ ကမ္ဘာ့ကပ် ရောဂါကြီးဖြစ်လို့ ပြည်သူတွေနဲ့ စီးပွား ရေးလုပ်ငန်းရှင်တွေ အကုန်လုံး အတိ ဒုက္ခရောက်ကြပါတယ်။ ဖြစ်လာတဲ့ ဒီရောဂါဆိုးကြီးကို ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ နိုင်ငံတော်ရဲ့ လမ်းညွှန်မှုအတိုင်း စိတ်မပျက်ဘဲ အတူတူကျော်လွှားဖို့အတွက် ကြံ့ကြံ့ခံ နိုင်ဖို့ အရေးကြီးပါတယ်။
နိုင်ငံတော် ကလည်း တတ်နိုင်သမျှ အခြေခံ လူတန်းစားတွေအတွက် အဆင်ပြေ အောင် ဆန်၊ ဆီ၊ ပဲ ဝေပေးသလို ကျွန်တော်တို့ သာသနာ့နုဂ္ဂဟအသင်း ကြီးက တစ်ဖက်တစ်လမ်းကနေ နိုင်ငံတော်အတွက် တတ်နိုင်သမျှ ကူညီပေးနေပါတယ်။ အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သံဃာတော် တွေနဲ့ သီလရှင်တွေ ဆွမ်းခံကြွဖို့ ခက်ခဲ တဲ့ အခြေအနေကြောင့် ကျွန်တော်တို့ အသင်းကြီးက နိုင်ငံအနှံ့အပြားက ဆွမ်း၊ ကွမ်း အခက်အခဲဖြစ်တဲ့ သံဃာတော်တွေနဲ့ သီလရှင်တွေ အတွက် နေ့စဉ်လှူဒါန်းမှုတွေကို စဉ်ဆက်မပြတ် ပြုလုပ်ပေးနေပါတယ်။
ရှေ့မှာ လုပ်စရာတွေ အများကြီး ကျန်နေပါသေးတယ်။ နံပါတ် (၁) အချက်က ဒီကပ်ရောဂါဆိုးကြီး ပျောက်ကွယ်သွားဖို့ အားလုံးပူးပေါင်း လုပ်ဆောင်ကျော်လွှားရမှာ ဖြစ်ပါ တယ်။
နံပါတ် (၂) က ကပ်ရောဂါ ပြီးသွားရင် ပြိုလဲသွားတဲ့ စီးပွားရေး လုပ်ငန်းတွေ ပြန်လည်ထူထောင်ဖို့ အတွက် ရေတိုရေရှည်စီမံကိန်းတွေကို အခုကတည်းက ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ နံပါတ် (၃) အချက်က အခုကပ်ရောဂါကြောင့် စက်ရုံတွေပိတ် အလုပ်လက်မဲ့ဖြစ်သွားကြတဲ့ အလုပ် သမားတွေ၊ ထိုင်းကနေ ပြည်တော်ပြန် လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အတွက် အလုပ်အကိုင်တွေ ဖန်တီးပေး ရမှာ ဖြစ်ပါတယ်။ ဒါတွေက စုပေါင်း အင်အားနဲ့သာ လုပ်ဆောင်မှ အောင်မြင် မှာဖြစ်ပါတယ်။ အခက်အခဲ အတား အဆီးတွေကို အနှေးနဲ့အမြန်ဆိုသလို ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် ကျော် လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်။ မင်္ဂလာရှိတဲ့ မြန်မာနှစ်သစ်မှာ နိုင်ငံ တော်နဲ့ ပြည်သူတွေအတွက် သတင်း ကောင်းတွေ ကြားရလိမ့်မယ်လို့ ယုံကြည် မျှော်လင့်ထားပါတယ်။
တော်ဝင်မိသားစုကုမ္ပဏီ ဥက္ကဋ္ဌ
ဦးကိုကိုထွေး
နိုင်ငံသူနိုင်ငံသားအားလုံး ကျန်းမာ ချမ်းသာကြပါစေကြောင်း ပထမဦးစွာ နှစ်သစ်ဦး မင်္ဂလာဆုတောင်းအပ်ပါ တယ်။ ကျွန်တော်တို့ တစ်သက်တာမှာ မကြုံစဖူး တွေ့ကြုံနေရတဲ့ ကိုဗစ်-၁၉ ရောဂါကပ်ဆိုးကနေ ကျော်လွှားနိုင် ကြပါစေကြောင်း ပြုခဲ့တဲ့ကုသိုလ် အကြောင်းပြုပြီး ဆုတောင်းအပ်ပါတယ်။
အသက်ကို ဉာဏ်စောင့်ဆိုတဲ့ စကားအတိုင်း ယခုကပ်ဆိုးကနေ ကျော်လွှားနိုင်ဖို့အတွက် အနေအထိုင် အသွားအလာကို ဆင်ခြင်နိုင်ဖို့ လိုအပ်ပါတယ်။ အားလုံး မိမိနဲ့ မိမိ မိသားစု၊ ပတ်ဝန်းကျင်အတွက်ပါ သတိပြုနေထိုင်နိုင်ကြပါစေ။ လိုအပ် တဲ့ ပစ္စည်းကိရိယာဆေးဝါးတွေကို တတ်နိုင်သူ ဉာဏ်စွမ်းရှိသူတွေက စောင့်ရှောက်နိုင်ကြပါစေကြောင်းနဲ့ ကင်းလွတ်သွားတဲ့အချိန်တွင် မိမိတို့ရဲ့ အကျိုးစီးပွားကို စနစ်တကျ ရှာဖွေ နိုင်ပြီး ကြီးပွားတိုးတက်ကြပါစေ ကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါ တယ်။
မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း
ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ
ဦးတင်မောင်
မြန်မာပြည်သူ ပြည်သားအားလုံး ကျန်းမာချမ်းသာပြီး စီးပွားရေးတွေ တိုးတက်ကြပါစေ။ ယခုကျရောက်နေ တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြီးကနေ ကင်းဝေးကြပါစေလို့ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အသင်းကြီးကနေ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။ မြန်မာနိုင်ငံအတွင်း မှာရှိတဲ့ နိုင်ငံသူ နိုင်ငံသားတွေရော ကမ္ဘာအတွင်းမှာရှိတဲ့ ကမ္ဘာသူကမ္ဘာ သားတွေရော ကိုဗစ်-၁၉ ရောဂါဆိုး ကြီး ကင်းစင်သွားမှသာ စီးပွားရှာနိုင် ကြမှာဖြစ်ပြီး ကမ္ဘာကြီးသာယာဝပြော လာမှာဖြစ်တဲ့အတွက် ကမ္ဘာသူကမ္ဘာ သားတွေ အားလုံးနဲ့ မြန်မာနိုင်ငံ အတွင်းမှာရှိကြတဲ့ နိုင်ငံသူနိုင်ငံသား တွေအားလုံး ကျန်းမာချမ်းသာကြပါစေ ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း ကြီးက နှစ်သစ်ကူးဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။
ဗုဒ္ဓဘာသာမှာ ကပ်ကြီးသုံးပါး ဟောထားတာရှိပါတယ်။ လူတွေ ဆုတောင်းတဲ့အခါမှာလည်း ကပ်ကြီး သုံးပါးက ကျော်လွှားနိုင်အောင် ဆုတောင်းကြပါတယ်။ အခု ရောဂါ ကပ်ဘေးဆိုက်ရောက်နေတာဖြစ်တဲ့ အတွက် မြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့ နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက် အတိုင်း မိမိတို့နေအိမ်မှာ နေထိုင် ကြပြီး ရောဂါမပြန့်ပွားအောင် မိမိ ကိုယ်ကို ကာကွယ်ထိန်းသိမ်းခြင်း အားဖြင့် မိသားစုကို ကာကွယ်ပြီး သားဖြစ်သလို နိုင်ငံအနှံမှာရှိတဲ့ နိုင်ငံ သူ နိုင်ငံသားအားလုံးကို ကာကွယ်ပြီး သားဖြစ်ပါတယ်။ ကျန်းမာမှသာလျှင် စီးပွားဥစ္စာရှာနိုင်ပြီး နိုင်ငံတိုးတက် အောင် ဆောင်ရွက်နိုင်မှာဖြစ်တဲ့ အတွက် သတ်မှတ်ထားတဲ့ရက် အတွင်း ပျော်ရွှင်စွာနဲ့ မိမိနေအိမ်မှာ နေထိုင်ကြပါလို့ ပြောချင်ပါတယ်။
ဥက္ကာသီရိကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဒေါက်တာစန်းစန်းရီ
နှစ်သစ်မှာ မြန်မာပြည်သူ ပြည်သား အားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနဲ့ ပြည်စုံပြီး ယခုကျရောက်နေတဲ့ ရောဂါကပ် ဘေးကြီးမှ အားလုံးကင်းစင်သွားပါ စေလို့ ဆုတောင်းလိုက်ပါတယ်။ မြန်မာပြည်သူ ပြည်သားအားလုံး စီးပွားရေးတွေ အဆင်ပြေကြပါစေ။
ကိုဗစ်-၁၉ ရောဂါကြောင့် လျော့ကျ သွားတဲ့ စီးပွားရေးကို ပြန်ပြီးမြှင့်တင် နိုင်ဖို့ အားလုံး တက်ညီလက်ညီ စည်းစည်းလုံးလုံးနဲ့ ဆတက်ထမ်းပိုး ယခင်ထက်ကိုပိုပြီး နှစ်ဆ သုံးဆ ကြိုးစားကြမယ်ဆိုရင် လျော့ကျနေတဲ့ စီးပွားရေးတွေ ပြန်ပြီးပုံမှန်ဖြစ်အောင် တည့်မတ်ပေးနိုင်မှာဖြစ်ပါတယ်။
နှစ်သစ်သင်္ကြန်ဆိုတာ အားလုံး ပျော်ရွှင်ကြည်နူးစရာ ကောင်းတဲ့ မြန်မာတို့ရဲ့ ၁၂ လရာသီပွဲတော်ထဲ က တစ်ခုအပါအဝင်ဖြစ်တဲ့ ပွဲတော် ဖြစ်ပါတယ်။ အားလုံးပျော်ပျော်ရွှင်ရွှင် နဲ့ နှစ်စဉ်နှစ်တိုင်း ဆင်နွှဲကြတဲ့ ပွဲတော်ဖြစ်ပါတယ်။ ဒီနှစ်မှာ ကပ် ရောဂါဘေးကြီးကို ဆင်ခြင်နိုင်ဖို့ ကပ် ရောဂါဘေးကနေ ကာကွယ်ဖို့ သင်္ကြန်ပွဲတော် မကျင်းပနိုင်တာကို အားလုံး လက်ခံပေးကြဖို့လိုပါတယ်။ မိမိအိမ်မှာ နေထိုင်ခြင်းအားဖြင့် ကပ် ရောဂါဘေးကနေ ကင်းဝေးမယ်။ ဒီ ကပ်ရောဂါကိုလည်း တွန်းလှန်နိုင်မယ် ဆိုပြီး ကာကွယ်ခြင်းဖြစ်တဲ့အတွက် ကြောင့် အားလုံးက နားလည်မှုနဲ့ လက်ခံပေးကြပါလို့ ပြောချင်ပါတယ်။