နေပြည်တော် ဇူလိုင် ၆
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မူပိုင်ခွင့်ဦးစီးဌာနရုံးဝင်းအနီး၌ ကျင်းပသည်။
ဦးစွာ စီးပွားရေးနှင့် ကူးသန်းရောင်ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး က ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပြီး ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက ရတနာတန်းဝင် ကျွန်းပင်နှင့် ပျဉ်းကတိုးပင်များကို ဆက်လက်စိုက်ပျိုးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဝန်ထမ်းများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို နှစ်စဉ် ကျင်းပဆောင်ရွက်လျက်ရှိပြီး ယခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ရတနာတန်းဝင် ကျွန်းပင် (၁၀၀) ၊ ပျဉ်းကတိုးပင် (၁၀၀)၊ ဒန့်သလွန်ပင်(၂၀၀) စိုက်ပျိုးသွားမည်ဖြစ်ပြီး ရုံးအမှတ် (၃) နှင့် ရုံးအမှတ် (၅၂) တို့တွင် ယခင်စိုက်ပျိုးပြီးသော စိန်တလုံးသရက်ပင် (၁၁၀၀၀)၊ ပတ္တမြားငမောက်သရက်ပင် (၇၀၀)၊ ရတနာတန်းဝင်ကျွန်းပင် (၂၀၀၀)၊ ပျဉ်းကတိုးပင် (၃၀၀) ၊ မဟော်ဂနီပင် (၁၅၀) ၊ မန်ဂျန်ရှားပင် (၁၅၀) ၊ ဝါးပိုးဝါးပင် (၁၀၀၀)နှင့် ပန်းအလှပင်များ၊ အရိပ်ရလေကာနေကာပင်များ၊ စားသုံးသီးနှံပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်