နေပြည်တော်၊ မေ ၁

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်း စီစဉ်မှုဖြင့် ကြက်သား၊ ကြက်ဥ၊ ဘဲဥနှင့်ငုံးဥများအား ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းနှင့် ပြည်သူများသို့  ၂၀၂၅ ခုနှစ်၊ မေ ၁ ရက်တွင် အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာသော ဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးခဲ့သည်။

 

ထိုသို့လှည့်လည်ရောင်းချရာတွင် နေပြည်တော်အတွင်း ဈေးကား(၁)စီးဖြင့် သုခသိဒ္ဓိရပ်ကွက်ရှိ ဝန်ထမ်း အိမ်ရာများ၊ အ.ထ.က(၁၁)ရှိ ဝန်ထမ်းများနှင့်ပြည်သူများအား ကြက်သား အကောင် ၂၅၀ ၊ ကြက်ဥ အလုံး ၇၅၀၀ ၊ ဘဲဥ အလုံး ၄၅၀၀ နှင့် ငုံးဥ အလုံး ၂၀၀၀ တို့ကို သက်သာသောဈေးနှုန်းဖြင့် လှည့်လည် ရောင်းချပေးခဲ့ကြောင်းနှင့် အပတ်စဉ်ကြာသပတေး နေ့တိုင်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)