စတော့ဟုမ်း အောက်တိုဘာ ၁၄
ယခုနှစ်အတွက် စီးပွားရေးသိပ္ပံဆိုင်ရာ နိုဘယ်ဆုကို အမေရိကန်နိုင်ငံမှ စီးပွားရေးပညာရှင် သုံးဦး အား ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ စီးပွားရေးပညာရှင် သုံးဦးသည် ကမ္ဘာတစ်ဝန်းရှိ မညီမျှမှုများကို သဘောပေါက်နားလည် စေရန်ကြိုးပမ်းရာတွင် ကူညီထောက်ပံ့မှုများပေးသည့်အတွက် ၎င်းတို့အား ယခုနှစ်အတွက် စီးပွားရေးသိပ္ပံဆိုင်ရာ နိုဘယ်ဆုကို ချီးမြှင့်ခြင်းဖြစ်ကြောင်း တော်ဝင်ဆွီဒင်သိပ္ပံအကယ်ဒမီက ဆိုသည်။
ဒါရွန်အက်စ်မိုဂလူနှင့် ဆိုင်မွန်ဂျွန်ဆန်တို့သည် မက်ဆာချူးဆက် နည်းပညာအင်စတီကျုမှ ဖြစ်ပြီး ဂျိမ်းစ်အေရောဘင်ဆန်သည် ချီကာဂိုတက္ကသိုလ်မှ ဖြစ်ကြောင်း သိရသည်။
ဒါရွန်အက်စ်မိုဂလူနှင့် ဆိုင်မွန်ဂျွန်ဆန်တို့သည် ချမ်းသာကြွယ်ဝမှုနှင့် နိုင်ငံရေးစနစ်များကြား ပတ်သက်ဆက်နွှယ်မှုကို ဖော်ကျူးထားသည့် “Why Nations Fail” ဟူသော စာအုပ်ကို ရေးသားခဲ့သည်။
ဂျိမ်းစ်အေရောဘင်ဆန်သည် အင်စတီကျူးရှင်းများ၏ အဓိကကျသော အခန်းကဏ္ဍအပါအဝင် ကမ္ဘာလုံးဆိုင်ရာ မညီမျှမှု၏ အခြေခံအကြောင်းတရားများအပေါ် သုတေသနပြုခဲ့ကြောင်း သိရ သည်။
နိုဘယ်ဆုရှင် သုံးဦးသည် ကမ္ဘာလုံးဆိုင်ရာ မညီမျှမှုကို သိသာရှင်းလင်းစွာ နားလည်သဘောပေါက် စေရန် ကြိုးပမ်းရာတွင် နည်းလမ်းအသစ်များကို ရှေ့ဆောင်လမ်းပြပေးခဲ့သည့်အပြင် တရားဥပဒေ စိုးမိုးမှုမရှိခြင်းနှင့် စီးပွားရေးအရအမြတ်ထုတ်ခြင်းတို့သည် တိုးတက်မှု သို့မဟုတ် အပြုသဘော ဆောင် သောအပြောင်းအလဲကို မဖြစ်ပေါ်နိုင်ကြောင်း ထုတ်ဖော်ပြသခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်