ရန်ကုန် ၁၄  မေ

 

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချူပ်ရေးကာလ ဆောင်ရွက်နေစဉ်အတွင်း စီးပွားရေးတက္ကသိုလ် ကျောင်းသားဟောင်းများက ရွှေပြည်သာမြို့နယ် အမှတ်(၃)ရပ်ကွက် ၃ / ၁၆ တိုးချဲ့ရှိ ပြည်သူများအား မေ ၁၃ ရက် ညနေ ၄ နာရီက ဆန်၊ ဆီ၊ ဖယောင်းတိုင်နှင့် ငွေသားများ ပေးအပ်လှူဒါန်းခဲ့သည်။

 

"ကျွန်မတို့ ကိုဗစ်-၁၉ စဖြစ်တဲ့နေ့ကတည်းက စီးပွားရေးတက္ကသိုလ်ကျောင်းသားဟောင်း ကိုဗစ် ၁၉ ကူညီပေးရေးသူငယ်ချင်းများက စုပေါင်းပြီး မြောက်ဥက္ကလာပ ဝေဘာကီဆေးရုံ၊ တောင်ဥက္ကလာပဆေးရုံ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး တို့ကို PPE ဝတ်စုံနဲ့ နှာခေါင်းစည်းများ လှူဒါန်းခဲ့ပြီး အခြေခံလူတန်းစားများအတွက် ယခုအကြိမ်နဲ့ဆိုရင် သုံးကြိမ်ရှိပါပြီ ဆက်လက်လှူဒါန်းသွားပါမယ်" ဟု စီးပွားရေးတက္ကသိုလ် ကျောင်းသူဟောင်း ဒေါ်အေးအေးစိုး က ပြောသည်။

 

ထိုသို့လှူဒါန်းရာတွင် အိမ်ထောင်စုတစ်စုလျှင် ဆန်ခြောက်ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဖယောင်းတိုင်တစ်ထုပ်နှင့် ငွေသား တစ်ထောင့်ငါးရာကျပ် ကို အိမ်ထောင်စုပေါင်း ၁၀၃ စု အား ထောက်ပံ့ပေးအပ်ခဲ့ပြီး တန်ဖိုးအားဖြင့် ငွေကျပ်သိန်း ၂၀ ခန့်ရှိကြောင်း သိရသည်။

 

အာကာစိုး