ဝါရှင်တန် ဇူလိုင် ၃၀
အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် ၎င်းအပေါ်စွဲချက်တင်ထားသည့် အမှုများအတွက် ပြစ်ဒဏ်ချမှတ်ခံရလျှင်ပင် အိမ်ဖြူတော်သမ္မတရွေးကောက်ပွဲကို အဆုံးသတ်သွားမည်မဟုတ်ဟု ဇူလိုင် ၂၈ ရက်က ပြောသည်။
၎င်းသည် ၂၀၂၄ ခုနှစ် ရီပတ် ဘလီကင် သမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းခံရရန် ဦးဆောင်နေသည်။ ၎င်းသည် ဇူလိုင် ၂၇ ရက်က ရာဇဝတ်မှုများဖြင့် နောက်ထပ်စွဲချက်တင်ခံထားရသည်။ ထရမ့်သည် နိုင်ငံတော် အမျိုးသားလုံခြုံရေး အချက်အလက်များအပါအဝင် အမျိုးအစားခွဲခြားထားသော စာရွက်စာတမ်းများကို တရားမဝင် လက်ဝယ်ထားရှိမှုအတွက် ပြီးခဲ့သည့်လအတွင်းက တရားစွဲဆိုခံထားရသည်။ အမှုနှင့်ပတ်သက်၍ ထရမ့်ကိုစွဲချက်သုံးခု တင်ထားကြောင်း ပြည်ထောင်စုရှေ့နေများက ပြောသည်။
ထရမ့်နှင့် ၎င်း၏လက်ထောက်များသည် စုံစမ်းစစ်ဆေးမှုကို တားဆီးရန်အတွက် လုံခြုံရေးကင်မရာ မှတ်တမ်းများကို ဖျက်ဆီးရန် ဝန်ထမ်းများကို တောင်းဆိုခဲ့သည်ဟု ရှေ့နေများက စွပ်စွဲထားသည်။ ကွန်ဆာဗေးတစ်ရေဒီယိုမှ ဂျွန်ဖီဒရစ်နှင့် ထရမ့်တို့ အင်တာဗျူးတွင် ထရမ့်က ၎င်းအနေဖြင့် မှားယွင်းသည့် လုပ်ရပ်မျိုးမလုပ်ကြောင်း ငြင်းဆိုခဲ့သည်။ ထရမ့်သည် အိမ်ဖြူတော်မှထွက်ခွာပြီးနောက် စုံစမ်းစစ်ဆေးမှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ