စိန့်ပီတာစဘတ် မတ် ၅
ရုရှားသုတေသီများသည် စီတီစကန်ဖတ်ခြင်းဖြင့် ရင်သားကင်ဆာအစောပိုင်းအဆင့်ကို မိနစ်ပိုင်းအတွင်း သိရှိနိုင်သော အာရုံကြောကွန်ရက်စနစ်တစ်ခု ကို တီထွင်ခဲ့သည်။ ယင်းစနစ်သည် အချိန်တစ်ရက်အထိ ကြာမြင့်နိုင်သော သမားရိုးကျနည်းလမ်းထက် သိသိသာသာပို၍ကောင်းမွန် မြန်ဆန် ကြောင်း ဒေသတွင်းမီဒီယာများက မတ် ၅ ရက်က ဖော်ပြခဲ့သည်။
စိန့်ပီတာစဘတ် လျှပ်စစ်နည်းပညာတက္ကသိုလ်နှင့် အယ်လ်မဇော့ဗ် အမျိုးသားဆေးဘက်ဆိုင်ရာ သုတေသနစင်တာတို့ ဖန်တီးထုတ်လုပ်လိုက်သည့် အဆိုပါနည်းပညာသည် ဆေးဝါးကုသမှု လက်တွေ့အမှားဖြစ်နိုင်ချေကို ၂၀ ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်မည်ဟု သုတေသီများက ပြောသည်။
ထိုသို့ ဆေးဘက်ဆိုင်ရာနည်းပညာတစ်ရပ် တွေ့ရှိခြင်းသည် လူ့အသက်ထောင်ပေါင်းများစွာကို ကူညီပေးနိုင်လိမ့်မည်ဟု တက္ကသိုလ်ကွန်ပျူတာ နည်းပညာဌာနနှင့် သတင်းပညာဌာန အွန်ဂိုဒီတက်စ်အေအိုင်ပရောဂျက်အကြီးအကဲနှင့် မဟာတန်းကျောင်းသား ဒန်းနစ်စတီပါနန်ကိုက ပြောကြားလိုက်သည်။
ရုရှားနိုင်ငံတွင် ရင်သားကင်ဆာကြောင့် နှစ်စဉ် အမျိုးသမီး ၄၀၀၀ မှ ၇၀၀၀ အထိ အသက် အန္တရာယ်ခြိမ်းခြောက်ခြင်းခံနေရသည်။ အေအိုင်စနစ်သည် စီတီပုံရိပ်များကို အလိုအလျောက်လုပ်ဆောင်ပေးပြီး သမားတော်များ၏ နောက်ထပ်အကဲဖြတ်မှုအတွက် ဖြစ်နိုင်ခြေရှိသော ကင်ဆာလက္ခဏာများကို မီးမောင်းထိုးပြသည်။
ဆင်ဟွာ


