ရန်ကုန် ဇူလိုင် ၂
ရန်ကုန်တိုင်းဒေသကြီးအတွင်း အငှားယာဉ်အဖြစ် မှတ်ပုံတင်ထားသော စီးတီးတက္ကစီယာဉ်များ မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းကို ဇူလိုင်လ(၁)ရက် နံနက်ပိုင်းမှ စတင်ကာ တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်း ဘေလီမှတ်တိုင်အနီးရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ရုံး၌ စတင်ပြေးဆွဲလျက်ရှိရာ လာရောက်ဆောင်ရွက်သူများကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖြည့်စွက်ပုံစံယူ၊ ရက်ချိန်းပေးစနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် နံနက်ပိုင်း၊ မွန်းလွဲပိုင်း နှစ်ပိုင်းခွဲ၍ တစ်နာရီလျှင် အစီးရေ (၅၀)နှုန်းဖြင့် တစ်ရက်လျှင် အစီးရေ (၂၀၀) ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တစ်ရက်သတ်မှတ် အစီးရေပြည့်လျှင် ဖောင်ဖြည့်ရေးသားပြီး နောက်ရက်တွင် လာရောက်ရန် ရက်ချိန်းပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
စန္ဒာမိုး(ပြန်/ဆက်)


