၈ သြဂုတ်
စိမ်းပြာရေညှိက ကမ္ဘာမြေကြီးရဲ့ သက်တမ်းအရင့်ဆုံးသော သက်ရှိတစ်မျိုးလို့ဆိုရမှာပါတယ်။ စိမ်းပြာရေညှိက ကမ္ဘာ့လေထုအတွက် အောက်ဆီဂျင်ထုတ်ပေးတဲ့ တာဝန်ကို တစ်စိတ်တစ်ဒေသကနေ ထမ်းဆောင်ပေးနေပါတယ်။ စိမ်းပြာရေညှိက ကမ္ဘာ့ပထမတန်းစား အစားအသောက်တစ်ရပ်ဖြစ်ပြီး ကမ္ဘာ့မြေပေါ်က အာဟာရဓာတ်အကြွယ်ဝဆုံးသော အစားအစာတွေထဲက တစ်ရပ်ဖြစ်ပါတယ်။
စိမ်းပြာရေညှိမှာ ပရိုတင်းဓာတ် ၅၅ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိပါဝင်ပြီး ခန္ဓာကိုယ် အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ် ၈ မျိုး နဲ့ သိပ်အရေးမပါတဲ့ အမိုင်နိုအက်ဆစ် ၁၀ မျိုးလောက်ပါဝင်နေပါတယ်။ gamma-linolenic acid (GLA) များစွာပါဝင်ပြီး ၊ ဘီတာကယ်လ်ရိုနွိုက်၊ linoleic အက်ဆစ်၊arachidonic အက်ဆစ်၊ ဗီတာမင် B12၊ ကယ်လ်ဆီယမ်၊ ဖော့ဖရိတ် နဲ့ အခြားအာဟာရဓာတ်များစွာပါဝင်ပါတယ်။ စိမ်းပြာရေညှိတစ်ခုတည်းမှာသာပါဝင်တဲ့ pigment-protein complex လည်းပါဝင်ပါတယ်။
စိမ်းပြာရေညှိရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှု
အာဟာရဓာတ်များစွာပါဝင်ခြင်း
စိမ်းပြာရေညှိက ရေချိုရော ရေငန်မှာပါပေါက်ရောက်တဲ့ သက်ရှိသတ္တဝါတစ်မျိုးပါ။cyanobacterium ဘက်တီးရီးယားတစ်မျိုးလို့လည်းခေါ်ပါတယ်။ အပင်တွေနဲ့ဆင်တူတဲ့ cyanobacterium ကနေရောင်ခြည်ကို စုပ်ယူပြီး အစာချက်လုပ်မှုကနေတဆင့် အာဟာရဓာတ်တွေကို ထုတ်လုပ်ပေးပါတယ်။ စိမ်းပြာရေညှိမှာ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနိ နဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်အားလုံးနီးပါး ပါဝင်ပါတယ်။
စိမ်းပြာရေညှိမှာ ဓာတ်တိုးဆန့်ကျင် အစွမ်းအာနိသင်တွေရှိသလို ရောင်ရမ်းမှုကိုလျော့ကျ စေနိုင်စွမ်းလည်းရှိပါတယ်။
Oxidative damage က DNA နဲ့ ဆဲလ်တွေကို ထိခိုက်စေနိုင်သလို နာတာရှည်ရောင်ရမ်းမှုကိုလည်း ဖြစ်စေနိုင်ပါတယ်။
စိမ်းပြာရေညှိမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာ ပါဝင်တာကြောင့် oxidative damage တွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။
စိမ်းပြာရေညှိမှာ အဓိကပါဝင်နေတဲ့ Phycocyanin လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးက free radicals တွေကို တိုက်ထုတ်ပေးပြီး ရောင်ရမ်းမှုကို ဖြစ်ပေါ်စေတဲ့ မော်လီကျူးတွေထုတ်လွှတ်မှုကို တားဆီးပေးပြီး ရောင်၇မ်းမှုကို တိုက်ဖျက်ပေးတဲ့ အာနိသင်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကို ထုတ်လွှတ်ပေးပါတယ်။
စိမ်းပြာရေညှိက LDL နဲ့ Triglyceride ပမာဏတွေကိုကျဆင်းစေနိုင်ခြင်း
နှလုံးရောဂါက အခုလက်ရှိမှာ သေဆုံးမှုနှုန်းအမြင့်ဆုံးဖြစ်နေတဲ့ ရောဂါတစ်မျိုးဖြစ်နေပါတယ်။
စိမ်းပြာရေညှိက နှလုံးကျန်းမာရေးကို များစွာအထောက်အကူပြုနိုင်ပါတယ်။
လေ့လာမှုတစ်ရပ်မှာ အမျိုးအစား -၂ ဆီးချိုဝေဒနာရှိသူ ၂၅ ဦးကို တစ်နေ့ကို စိမ်းပြာရေညှိ ၂ ဂရမ်စားသုံးစေတာက နှလုံးကျန်းမာရေးကိုကောင်းမွန်စေပြီး LDL နဲ့ Triglyceride ပမာဏတွေကိုလည်း ကျဆင်းစေတယ်၊ လို့တွေ့ ရှိခဲ့ရပါတယ်။
နောက်ထပ်လေ့လာမှုတွေမှာ ကိုလက်စထရောပမာဏများနေတဲ့သူတွေကို တစနေ့ကို စိမ်းပြာရေညှိ ၁ ဂရမ်ကျွေးတာက triglycerides ပမာဏကို ၁၆. ၃ ရာခိုင်နှုန်း၊ LDL ကို ၁၀.၁ ရာခိုင်နှုန်းအထိကျဆင်းစေပါတယ်၊ လို့တွေ့ရှိ ခဲ့ပါတယ်။
လေ့လာမှုတွေမှာတော့ စိမ်းပြာရေညှိက triglycerides နဲ့ LDL ကိုလက်စထရောတွေကို ကျဆင်းစေပြီး အကျိုးပြု ကိုလက်စထရော HDL ကိုလည်းတိုးစေနိုင်ပါတယ်။
ကင်ဆာတိုက်ဖျက်နိုင်တဲ့ အစွမ်းသတ္တိရှိခြင်း
စိမ်းပြာရေညှိက ကင်ဆာတိုက်ဖျက်နိုင်တဲ့ အစွမ်းသတ္တိရှိတယ်၊လို့ အထောက်အထားအချို့ရှိပါတယ်။
တိရစ္ဆာန်လေးတွေနဲ့ စမ်းသပ်မှုအတွင်း စိမ်းပြာရေညှိက ကင်ဆာဖြစ်ပွားမှုနဲ့ ကင်ဆာကျိတ်တွေဖြစ်ပေါ်မှုကို လျော့ကျစေနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။
စိမ်းပြာရေညှိက ခံတွင်းကင်ဆာကို ကုသရာမှာ အသုံးဝင်ပါတယ်။
စိမ်းပြာရေညှိမှ ကင်ဆာတိုက်ဖျင်နိုင်တဲ့ အစွမ်းသတ္တိရှိပြီး ကင်ဆာအကြို လက္ခဏာတွေကိုလည်း တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။
သွေးဖိအားကိုကျဆင်းစေနိုင်ခြင်း
သွေးဖိအားများတာက ရုတ်တရက်နှလုံးရပ်တာ၊လေဖြတ်တာနဲ့နာတာရှည်ကျောက်ကပ်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။
တစ်နေ့ကို စိမ်းပြာရေညှိ ၁ ဂရမ်လောက်စားသုံးပေးမယ်ဆိုရင် သွေးဖိအားကို ကျဆင်းစေပြီး ပုံမျန်သွေးဖိအားအနေအထားမှာ ထိန်းညှိပေးထားနိုင်မှာဖြစ်ပါတယ်။ နိုက်ထရိတ် အက်ဆစ်ထုတ်လွှတ်မှုကိုတိုးတက်စေပြီး သွေးကြောတွေကို ပြေလျော့စေပြီး သွေးကြောမကျဉ်းအောင် အထောက်အပံ့ပေးပါတယ်။
စိမ်းပြာရေညှိ ပုံမှန်စားသုံးပေးတာက သွေးပေါင်ချိန်ကိုကျဆင်းစေပြီး ရောဂါတော်တော်များများ မဝင်ရောက်အောင် တားဆီးပေးပါတယ်။
သွေးအားနည်းရောဂါကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ခြင်း
သွေးအားနည်းရောဂါအမျိုးမျိုးရှိပါတယ်။ အတွေ့ရအများဆုံးသော သွေးအားနည်းရောဂါက သွေးတွင်းက ဟီမိုဂလိုဘင် (သို့) သွေးနီဥဆဲလ်တွေလျော့ကျမှုကြောင့် ဖြစ်ရတာဖြစ်ပါတယ်။
လေ့လာမှုတစ်ရပ်အတွင်း သွေးအားနည်းရောဂါရှိတဲ့ သက်ကြီးရွယ်အို အယောက် ၄၀ ကိုလေ့လာစမ်းသပ်မှုအတွင်း စိမ်းပြာရေညှိအားဖြည့်ဆေးစားသုံးပေးတာက သွေးနီဥဆဲလ်တွေထဲက ဟီမိုဂလိုဘင်ပါဝင်မှုကိုတိုးစေပြီး ကိုယ်ခံအားစနစ်ရဲ့ လုပ်ငန်းစဉ်တွေကို တိုးတက်စေနိုင်ပါတယ်၊ လို့ဆိုပါတယ်။
စိမ်းပြာရေညှိက သက်ကြီးရွယ်အိုတွေမှာ သွေးအားနည်းရောဂါမဖြစ်အောင် ထိထိရောက်ရောက် ကာကွယ်ပေးနိုင် ပါတယ်လို့ သိရပါတယ်။
ကြွက်သားတွေကို သန်မာစေပြီး သက်လုံကောင်းစေခြင်း
လေ့ကျင့်ခန်းလုပ်ဆောင်မှုကြောင့်ဖြစ်တဲ့ oxidative damage ကကြွက်သားတွေကို ပင်ပန်းနွမ်းလျမှုဖြစ်စေနိုင်တဲ့ အဓိကအကြောင်းအရင်း တစ်ရပ်ဖြစ်ပါတယ်။
အပင်တွေမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေက အားကစားသမားတွေနဲ့ ကာယလုပ်သားတွေကို oxidative damage ဖြစ်ပေါ်မှုကိုလျှော့ချပေးပါတယ်။
စိမ်းပြာရေညှိမှာလည်း oxidative damage တွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ကြွက်သားတွေ သန်မာမှုကို တိုးစေပြီး သက်လုံလည်း ကောင်းစေပါတယ်။
လေ့လာမှုအချို့မှာ စိမ်းပြာရေညှိက သက်လုံကောင်းစေပြီး ကြွက်သားတွေကို သန်မာစေပါတယ်။လို့တွေ့ရှိရပါတယ်။
သွေးတွင်း သကြားဓာတ်ထိန်းညှိရာမှာ အထောက်အကူပေးနိုင်ခြင်း
တိရစ္ဆာန်လေးတွေနဲ့လေ့လာမှုမှာ စိမ်းပြာရေညှိက သွေးတွင်းသကြားဓာတ်ကို သိသိသာသာကျဆင်းစေနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။
Metformin အပါအဝင် လူသိများတဲ့ ဆီးချိုဆေးတွေမှာ ထည့်သွင်းဖော်စပ်ထားတာမျိုးတွေရှိပါတယ်။ စိမ်းပြာရေညှိကလူသားတွေအတွက်လည်း အထောက်အကူပြုပါတယ်။
အမျိုးအစား – ၂ ဆီးချိုဝေဒနာသည် ၂၅ ဦးကို လေ့လာမှုအတွင်း တစ်နေ့ကို စိမ်းပြာရေညှိ ၂ ဂရမ်စားသုံးပေးတာက သွေးတွင်းသကြားဓာတ်ပမာဏကိုကျဆင်းစေနိုင်တယ်၊လို့သိရပါတယ်။
အခြားအကျိုးကျေးဇူးများ
စိမ်းပြာရေညှိက အခြားအကျိုးကျေးဇူးတွေရရှိစေနိုင်သလို ကိုယ်တွင်းက အာဆင်းနစ် အဆိပ်သင့်မှုတွေကိုလည်း ဖယ်ရှားလျော့ပါးစေနိုင်စွမ်းရှိပါတယ်။
သတိပြုရန် အချက်များ
-စိမ်းပြာရေညှိက ကျန်းမာရေးအတွက်အရမ်းကိုအထောက်အကူပြုနိုင်တဲ့ အစာကြေလါယ်တဲ့အစားအစာ တစ်မျိုးပါ။ ဘေးထွက်ဆိုးကျိုးမရှိပါဘူး။ အိုင်အိုဒင်ဒဓာတ်ပါဝင်တောာကာင့် အိုင်အိုဒင်းဓာတ်မတည့် သူတွေအနေနဲ့ မစားသုံးသင့်ပါဘူး။
-စိမ်းပြာရေညှိမှာ အသည်းကိုပျက်စီးစေနိုင်တဲ့ အရာတွေ၊ အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေနဲ့ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေမပါဝင်တာကြောင့် လူအများစုအတွက် ကျန်းမာရေးအကျိုးကျေးဇူး တွေရရှိစေပါတယ်။
-မသန့်စင်တဲ့ စိမ်းပြာရေညှိတွေက အသည်းပျက်စီးတာ၊ ဗိုကအောင့်တာ၊ မအီမသာဖြစ်တာ၊ အော့အန်တာ၊ အားနည်းတာ၊ရေငငတ်တာ၊ နှလုံးခုန်မြန်တာ၊ရုတ်တရက်မူးလဲတာ နဲပ သေဆုံးတာမျိုးတွေအထိဖြစ်ပေါ် ခံစားရနိုင်ပါတယ်။
-စိမ်းပြာရေညှိက ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေအတွက် သင့်တော်ရဲ့လားဆိုတာကို သေချာမသိရသေးတာကြောင့် ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေအနေနဲ့ မသောက်သုံးသင့်ပါဘူး။
ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”