နေပြည်တော် ဇန်နဝါရီ ၁၉

 

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် မြန်မာနိုင်ငံလူရွှင်တော်အသင်း(ဗဟို)တို့ ပူးပေါင်းပြီး “စိန်ရတု ပြည်ထောင်စုလူရွှင်တော်ဖလား” လူရွှင်တော်ပြိုင်ပွဲ၊ ပွဲစဉ်(၃)ကို ဇန်နဝါရီ (၂၂)ရက်၊ စနေနေ့ည()နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ  ထုတ်လွှင့်ပြသမည်ဖြစ်သည်။

 

ယင်းပြိုင်ပွဲတွင် ဟာသမင်္ဂလာ ရွှေဆိုင်းတော်အဖွဲ့ တီးခတ်မှုနှင့်အတူ   လူရွှင်တော်များဖြစ်ကြသည့် အိုးဝေ၊ ဒင်္ဂါး၊ ကော်ဖီ၊ ဖြိုးကြွယ်တို့က ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

 

အဆိုပါပြိုင်ပွဲကို ဇန်နဝါရီ  (၂၆)ရက်၊ (ဗုဒ္ဓဟူးနေ့) မွန်းလွဲပိုင်း ()နာရီခွဲ National News အင်္ဂလိပ်ဘာသာသတင်း အစီအစဉ်အပြီးတွင် ဒုတိယအကြိမ် ထမ်မံထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်