စစ်တွေ ဒီဇင်ဘာ ၂၄
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်တွေတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိလ(စစ်တွေ)တို့မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ စစ်တွေတပ်နယ်မှ နယ်မြေခံ တပ်မတော်သားများ စုပေါင်းသွေးလှူဒါန်းပွဲကို ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းက စစ်တွေမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီး၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်အားပေး ခဲ့ကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သွေးလှူဒါန်းကြမည့်သူများအား ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးမှ ကျန်းမာရေး ဝန်ထမ်းများက ကိုယ်အလေးချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်း၊ သွေးအမျိုးအစားခွဲခြင်းနှင့် သွေးလှူဒါန်းရန်လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုကာ စုပေါင်းသွေးလှူဒါန်းနေမှုကို ကြည့်ရှုအားပေးပြီး သွေးလှူဒါန်းကြသူများအား အာဟာဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်သည်။ ထို့နောက် ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးမှ ကျန်းမာရေး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို ပေးအပ်သည်။ သွေးလှူဒါန်းပွဲတွင် စစ်တွေတပ်နယ်မှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနအသီးသီးမှ ဝန်ထမ်းများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၇၈ ဦးတို့က သွေးအမျိုးအစားမျိုးစုံ ၁၇၈ လုံးကို စုပေါင်း လှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)