အိမ်မဲ ဖေဖော်ဝါရီ ၆
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အိမ်မဲမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဆောင်ရွက်ပြီးစီးသည့် ကြာတန်းနှင့် သဲကုန်းကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၅ ရက် နံနက် ၈ နာရီက အဆိုပါ ကျေးရွာများ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ကြာတန်းကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်၍ လျှပ်စစ်မီးခလုတ်နှိပ် ဖွင့်လှစ်ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ လျှပ်စစ်မီးရရှိသည့် နေအိမ်များမှ မိသားစုဝင်များနှင့် သွားရောက်တွေ့ဆုံ၍ လျှပ်စစ်မီးရရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အလားတူပင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် သဲကုန်းကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
အဆိုပါ ကြာတန်းနှင့် သဲကုန်း ကျေးရွာ လျှပ်စစ်မီးရရှိရေးအတွက် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (NEP) ဖြင့် ဆောင်ရွက်ခဲ့ပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်ပေးမှုကြောင့် ကြာတန်းကျေးရွာရှိ အိမ်ထောင်စု ၁၃၀ စုနှင့် သဲကုန်းကျေးရွာရှိ အိမ်ထောင်စု ၁၈၀ စုတို့မှာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည့်အပြင် အချိန်မရွေး လျှပ်စစ်မီးများ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
လွှမ်းသီဟ


