နေပြည်တော် ၂၄ စက်တင်ဘာ
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စိတ်ဖိစီးမှုလျော့ကျစေရန်နှင့် စိတ်ဓာတ်ရေးရာ မြင့်တက်စေရန် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုပေးခြင်း၊ တွေ့ကြုံရသည့်အခြေအနေ၊ အခက်အခဲများကို ကိုယ်တိုင်ဆုံးဖြတ်ချက်ဖြင့် ဖြေရှင်းကျော်လွှားနိုင်ရန် နှစ်သိမ့်အားပေးပံ့ပိုးမှုပေးခြင်းတို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက တယ်လီဖုန်းဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်း ပြည်တွင်းပျံ့နှံ့ ကူးစက်လာခြင်းမှ ကာကွယ်ရန် အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုသည့်နေရာ၊ အဆောက်အဦ (Quarantine Facility) အသွားအလာ ကန့်သတ်ခြင်းခံရပြီး မိမိနေအိမ်တွင်သာ နေထိုင်ရခြင်း (Home Quarantine) နှင့် အိမ်ထဲမှာသာ နေရခြင်း (Stay at Home) ကြောင့် ကျန်းမာရေး/ လူမှုရေး/ စီးပွားရေးဆိုင်ရာများတွင် ထိခိုက်လာပြီး ထိတ်လန့်တုန်လှုပ်ခြင်း၊ ဝမ်းနည်းခြင်း၊ စိုးရိမ်ပူပန်ခြင်း စသည့် စိတ်ဖိစီးမှုများ ခံစားရနိုင်သည်။
ထို့ကြောင့် စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးခြင်းကို နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ အထူးလေ့ကျင့်ပေးထားသော လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများက နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဝန်ဆောင်မှုပေးလျက်ရှိပြီး ဝန်ဆောင်မှုရယူသူများ၏ သတင်းအချက်အလက် မပေါက်ကြားရေးကို အထူးအလေးထား ကာကွယ်ပေးသွားမည်ဖြစ်ကာ အခြားလူမှုရေးနည်းလမ်းဖြင့် ကူညီဆောင်ရွက်ပေးရန် လိုအပ်ပါက ဆက်လက်ညွှန်းပို့ချိတ်ဆက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝန်ဆောင်မှုရယူမှုသည် အခမဲ့ဖြစ်ပြီး ဆက်သွယ်ရမည့် ဖုန်းနံပါတ်များမှာ ပူးတွဲပါဇယားပါအတိုင်း ဖြစ်သည်။
သတင်းစဉ်