၂၅ ဖေဖော်ဝါရီ

 

တရုတ်လူမျိုး  ၂ ရာခိုင်နှုန်း မှ ၃ ရာခိုင်နှုန်းမှာ စိတ်ဝေဒနာ ဆိုးဆိုးရွားရွား ခံစားနေကြပြီး ၁၁ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းမှာ အနဲအကျဉ်းခံစားနေကြကြောင်း မကြာသေးမီက ထုတ်ပြန်ထားသော ကြေညာချက်ကို ကိုးကားပြီး ယနေ့ထုတ် တရုတ်လူငယ်နေ့စဉ်သတင်းစာက ဖော်ပြထားသည်။

 

တရုတ်အမျိုးသား အများစု၏စိတ်ကျန်းမာရေးသည် ကောင်းမွန်နေပြီး ခြုံငုံပြောရလျှင် ကျေးလက်နေလူဦးရေထက် မြို့ပြနေလူဦးရေ က ပိုမိုကောင်းမွန်ကြောင်း တရုတ်သိပ္ပံစိတ်ပညာ တက္ကသိုလ်မှ ထုတ်ထားသော အပြာရောင်စာအုပ် အရ သိရသည်။

 

အဆိုပါ အပြာရောင် စာအုပ်အမည်မှာ တရုတ်အမျိုးသား စိတ်ကျန်းမာရေးတိုးတက်မှု မှတ်တမ်း(၂၀၁၇-၂၀၁၈) ဖြစ်ပြီး တရုတ်နိုင်ငံ၏ စိတ်ကျန်းမာရေးနှင့် ပတ်သက်ပြီး ပထမဆုံး စာအုပ်ဖြစ်ကြောင်း ယင်းသတင်းစာတွင် ဖော်ပြထားသည်။

 

ထိုအပြာရောင်စာအုပ်၏ ဒုတိယအယ်ဒီတာချုပ်နှင့် တက္ကသိုလ် ပါမောက္ခ ဖြစ်သူ ချန်ဇီယန် က ပြည်သူများစိတ်ကျန်းမာရေး အခြေအနေတိုးတက်ကောင်းမွန်ရေး နှင့် ပိုမိုကောင်းမွန်သော စိတ်ကျန်းမာရေးလိုအပ်ချက်များကို ဖြည့်ဆည်းရေးတို့အတွက် စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးမည် ဖြစ်ကြောင်း  ပြောကြားခဲ့သည်။

 

ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို