ကျန်းမာတဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက်က စိတ်ရောကိုယ်ပါကျန်းမာဖို့လိုအပ်မှာပါ။ ဒီတစ်ခေါက်တော့ စိတ်ကျန်းမာရေးပြဿနာနဲ့ ပတ်သက်လို့ ကိုယ်တိုင်တောင် မသိလိုက်ဘဲ လုပ်မိနေတဲ့ အပြုအမူလေးတွေအကြောင်းပြောပြပေးချင်ပါတယ်။ တစ်ခါတလေမှာ အမှုမဲ့အမှတ်မဲ့လုပ်မိနေတဲ့ အပြုအမူအချို့က နောက်ပိုင်းမှာ စိတ်ရောဂါခံစားရနိုင်ခြေရှိတယ်ဆိုတာကို ဖော်ပြနေတဲ့ အစောပိုင်း လက္ခဏာတွေဖြစ်နေတတ်ပါတယ်။ ဒီဆောင်းပါးလေးကိုဖတ်ရင်း ကိုယ်တိုင်ရော လုပ်မိနေလားဆိုတာ ဆန်းစစ်ကြည့်လိုက်ပါဦး။

စိတ်ရောဂါခံစားရနိုင်ခြေရှိနေတဲ့ လက္ခဏာတွေက ဘာတွေများလဲ
တစ်ခါတလေမှာ ကိုယ်တိုင်တောင်မသိလိုက်ဘဲ အသေးစားစိတ်ရောဂါလေးတွေခံစားနေရတာမျိုးရှိနိုင်ပါတယ်။ ဒါကြောင့် ဆန်းစစ်ကြည့်ရအောင်လား။

-    အစားတွေ အရမ်းစားမယ်

-    အစားလုံးဝမစားသလောက်ဖြစ်မယ်

-    တစ်ချိန်လုံးအိပ်နေမယ်

-    လုံးဝမအိပ်သလောက်ကိုနေမယ်

-    လုပ်နေကျအလုပ်တွေကို မလုပ်ဘဲနေမယ်

-    ခြေကုန်လက်ပမ်းကျနေသလို အမြဲခံစားနေရမယ်

-    လူက ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်နေမယ်

-    ဆေးလိပ်တွေအရမ်းသောက်မိနေမယ်

-    အရက်တွေအလွန်အကျွံသောက်မိနေမယ်

-    အခြားဆေးဝါးတွေကို သုံးစွဲနေမယ်

-    အမြဲလိုလို စိတ်ရှုပ်ထွေးနေမယ်

-    ခန္ဓာကိုယ်က အမြဲလိုလို နာကျင်ကိုက်ခဲနေမယ်

-    အကူအညီမဲ့သလိုခံစားနေရမယ်

-    မျှော်လင့်ချက်မဲ့သလို ခံစားနေရမယ်

-    အမြဲလိုလို မေ့နေမယ်

-    အကြောင်းမဲ့ စိုးရိမ်ပူပန်မှုများနေမယ်

-    အကြောင်းအရင်းမရှိဘဲ အမြဲလိုလိုကြောက်နေမယ်

-    ကိစ္စတစ်ခုခုကြုံတဲ့အခါ အော်ဟစ်မိတယ်

-    သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကို ထိခိုက်နာကျင်စေမိတယ်

-    သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ ပေါင်းသင်းဆက်ဆံရေး သိပ်အဆင်မပြေလှဘူး

-    အချို့သောကိစ္စတွေကို တစ်ချိန်လုံးတွေးနေမိတယ်

-    အသံတွေကြားနေရတယ်လို့ ခံစားမိနေတယ်

-    တစ်ယောက်ယောက်က ကိုယ့်ကို အန္တရာယ်ပြုမယ်လို့ ထင်နေမိတယ်

-    ပုံမှန်လုပ်နေကျ လုပ်ငန်းတာဝန်တွေကို မလုပ်ဆောင်နိုင်ဘဲဖြစ်နေမယ်

-    အမြဲလိုလို ဝမ်းနည်း စိတ်မကောင်းဖြစ်နေမယ်

-    ဗိုက်အောင့်မယ်

-    ခါးနာမယ်

-    ခေါင်းကိုက်မယ်

-    စိတ်အတက်အကျအရမ်းမြန်နေမယ်

-    အသက်ရှင်ဖို့ စိတ်ကုန်နေမယ် ဆိုတဲ့လက္ခဏာတွေကို ခဏတာမဟုတ်ဘဲ အမြဲလိုလိုခံစားမိနေမယ်ဆိုရင်တော့ စိတ်ကျန်းမာရေးကို ဂရုစိုက်ဖို့လိုအပ်နေပါပြီ။

ဘယ်လိုဂရုစိုက်ရမလဲ……

တကယ်လို့ အပေါ်မှာ ပြောခဲ့တဲ့ လက္ခဏာတွေခံစားနေရပြီဆိုရင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ဂရုစိုက်ဖို့လိုအပ်နေပြီဖြစ်တာကြောင့် လိုအပ်တဲ့ ကုသမှုတွေကို ခံယူဖို့လိုပါမယ်။ စိတ်ရောဂါတွေက မကုသဘဲထားတဲ့အခါ အချိန်ကြာလာနဲ့အမျှ ပိုဆိုးလာတတ်ပြီး နောက်ပိုင်းမှာ ပြဿနာကြီးကြီးမားမားတွေ ရင်ဆိုင်လာရနိုင်ပါတယ်။

ဘယ်လိုဖြေရှင်းမလဲ……….

စိတ်ကျန်းမာရေးကလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ သေချဂရုစိုက်ဖို့လိုပါမယ်။ ဒါကြောင့်

-    နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ

-    တက်တက်ကြွကြွနေပါ

-    တရားထိုင်ပါ

-    ပြည့်ဝတဲ့ အိပ်စက်ချိန်ထားရှိပါ

-    မိသားစုနဲ့ အချိန်ပေးပြီး လွတ်လပ်ပေါ့ပါးစွာနေပါ

-    စိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှလျှော့ချပါ

-    အာဟာရပြည့်ဝအောင် စားပေးပါ

-    လိုအပ်တဲ့ ကုသမှုကို ခံယူပါ။

ကိုယ်ရောစိတ်ပါကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်စေဖို့ အခုကစပြီး သတိထားလိုက်ကြစို့လား……………….

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”