နေပြည်တော်၊ ၃၁ ဇန်နဝါရီ
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၃၀ ရက် ညနေ ၅ နာရီခွဲက တာချီလိတ်မြို့နယ်၊ တာလေမြို့၊ နားယောင်းကျေးရွာ အုပ်စု၊ ဗေသလ (ဟောင်း) ကျေးရွာ၊ ဘုရင့်နောင်လမ်းနေ စိုင်းမျိုးထွန်း၏ နေအိမ်အားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀,၀၀၀ တို့ကိုလည်ကောင်း၊
ယင်းနေ့ မွန်းတည့် ၁၂ နာရီခွဲတွင် ဟိုပုံးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ညောင်လေးဂွ ကျေးရွာနေ မောင်လှ၏ နေအိမ်အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၅၀၅ ကိုလည်းကောင်း၊
ထို့နောက် ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းတွင် နန်းပန်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ညောင်ရွှေ မြို့နယ်၊ တုံဟုံး - အင်းတိန်သွားလမ်း၊ တောင်တိုကျေးရွာအနီးတွင် မသင်္ကာဖွယ် ရပ်တန့်ထားသည့် မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၃၄ ကီလိုတို့အား သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား