၃၀ ဇူလိုင်

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (City FM) မြို့တော်အသံလွှင့်ဌာနမှ ၂၀၁၉ ခုနှစ် သြဂုတ် ၁ ရက်နေ့မှ စတင်ကာ အသံလွှင့်လှိုင်းနှုန်းအသစ် 88.9 MHz ဖြင့် ပြောင်းလဲထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခင် ထုတ်လွှင့်လျက်ရှိသော အသံလွှင့်လှိုင်းနှုန်း 89.0 MHz အစား Standard Channel Plan နှင့် ကိုက်ညီစေရန်အတွက် လှိုင်းနှုန်းအသစ် 88.9 MHz သို့ ပြောင်းလဲထုတ်လွှင့်ခြင်းအား အများပြည်သူ သိရှိနိုင်စေရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်တီမှ ကြေညာထားသည်။

MDN